ပခုက္ကူ ကြက်သွန်နီဈေးကွက်အတွင်း ဈေးမှန်အရောင်းမှန်

ပခုက္ကူဈေးကွက်အတွင်းသို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ နောက်ဆုံးပတ်အတွင်းက မိုးစိုက်(ဥစိုက်) ကြက်သွန်နီများ စတင်ဝင်ရောက်ခဲ့ပြီး တစ်ပိဿာလျှင် အမြင့် ဈေး ကျပ်၂၅၀၀၊ အနိမ့်ဈေး ကျပ် ၁၄၀၀ ဈေးဖြင့် ဈေးကောင်းရရှိခဲ့ပြီး၊ ကြက်သွန်နီစိုက် တောင်သူများမှာ အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြသည်။ သို့သော် ဆောင်းစိုက် (ပင်စိုက်) များကို ပိုမို စိုက်ပျိုး၍ ဖြစ်ထွန်းအောင်မြင်ခဲ့ သော်လည်း ကြက်သွန်နီစိုက်တောင်သူများ မျှော်မှန်းသလို ဈေးကောင်း မရဘဲ ဆောင်းစိုက် (ပင်စိုက်) များ ပေါ်ချိန်တွင် တစ်ပိဿာလျှင် အမြင့် ကျပ် ၆၀၀၊ အနိမ့် ကျပ် ၅၀၀ ရှိခဲ့ရာမှ တဖြည်းဖြည်း ဈေးနှုန်းကျဆင်းလာခဲ့သည်။ ကြက်သွန်နီစိုက် တောင်သူများနှင့် သိုလှောင်သူများမှာ လက်ကျန်နည်းလာ သည်နှင့်အမျှ ဈေးအတက်ကို မျှော်မှန်းခဲ့သော်လည်း ကြက်သွန်နီဈေးမှာ တစ် ပိဿာလျှင် အမြင့် ကျပ် ၄၈၀၊ အလတ် ကျပ် ၄၅၀၊ အနိမ့်ကျပ် ၄၀၀ သာ ရှိခဲ့သည်။ ကြက်သွန်နီ၏ ကြာလေလျော့လေ သဘာဝအရ အကျိုးအမြတ်ဖြစ်ထွန်းမှု နည်းပါး သော်လည်း ဈေးအတက်အကျ မ ရှိဘဲ ပုံမှန်အရောင်းအ၀ယ်ဖြစ်လျက်ရှိရာ ဥပုသ် နေ့မှလွဲ၍ နေ့စဉ် ပိဿာချိန် ၃၀၀၀၀ မှ ၄၀၀၀၀ အထိ အရောင်း အ၀ယ်ဖြစ်လျှက် ရှိပါသည်။လက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့် ကျပ် ၈၀၀၊ အလတ် ကျပ် ၇၀၀၊ အနိမ့် ကျပ် ၆၀၀ ဈေးဖြင့် ပုံမှန်အရောင်းအ၀ယ်ရှိပါသည်။ ရေကြီးနစ်မြုပ်မှုကြောင့် တစ်စုံတစ်ရာ ထိ ခိုက်ပျက်စီးခြင်း မရှိဘဲ ပုံမှန် ရောင်းဝယ်လျက် ရှိကြောင်း သိရပါသည်။

Agency Ministry of Foreign Affairs
Category General