ပြည်တွင်းငွေလဲနှုန်းများ ကျပ် ၁၃၀ဝ နီးပါးသို့ ရောက်ရှိပြီး ပြန်လည်ကျဆင်း
                                                    
                ယခုတစ်ပတ်တွင် ပြည်တွင်း ငွေ လဲနှုန်းများသည် ကျပ် ၁၃၀ဝ နီးပါး အထိ မြင့်တက်ခဲ့ပြီးမှ ကျပ် ၁၂၀ဝ အထိ ပြန်လည်ကျဆင်းခဲ့ကြောင်းဈေးကွက်အတွင်းမှ သိရှိရသည်။သြဂုတ် ၂၃ ရက်တွင် အတက် ပြလာခဲ့သည့် ငွေ လဲနှုန်းများသည် သြဂုတ်လ ၂၄ ရက်တစ်ရက်တည်းမှာပင် အမြင့်ဆုံး ၁၂၂၈ ကျပ်သို့ ရောက်ရှိ ခဲ့သည်။ သို့သော် ထိုနေ့ညနေပိုင်းတွင် ၁၂၁၁ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ သည်။ နောက်ရက်များတွင် ဆက်လက် ကျဆင်းခဲ့ပြီး ရက်သတ္တတစ်ပတ်၏ဈေး ပိတ်ရက်ဖြစ်သည့်သောကြာနေ့တွင် ၁၂၀၈ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။ "အဓိကဖြစ်တာက ဈေးကစားတာကြောင့်ပါ။ တစ်ရက်ထဲမှာ ဈေးက ဆက်တိုက်တက်လာ တယ်။ အရင်ရက်တွေတုန်းကတော့ သွင်းကုန်သမားတွေ က အဝယ်များကြပေမယ့် အခုလို တစ်ရက်ထဲမှာ ဈေးမြင့်တက်လာတာက ကုန်သည်တွေရဲ့ ဈေးကစား မှုကြောင့်ပါ။ အဲဒီလိုမျိုး ဈေးကစားနေတာက လည်း ထုံးစံလိုဖြစ်နေပြီ။ အမြင့်ဆုံးကို တက်သွားပြီဆိုရင် ပြန်ချကြတယ်။ ဈေးတက်တယ်ဆိုပြီး လိုက်ဝယ်ကြ၊ ပြီး တော့ ပြန်လည်းကျသွားရော ဈေးကွ က် ထဲမှာ ပိုက်ဘောမိတဲ့သူတွေ ကျန်နေခဲ့aရာ။ ဒီလိုမျိုးဈေးကွက်ထဲမှာ ဈေး ကစားတဲ့သူတွေရှိနေလို့ ဈေးကွက်က အမြဲလိုလို လှုပ်နေတယ်။ ဈေးမငြိမ်ရင် ရောင်းရဝယ်ရတာ အဆင်ပြေမှာ မဟုတ်ဘူး"ဟု ဈေးကွက်အတွင်း ရောင်းဝယ် နေသူတစ်ဦးက ပြောကြားခဲ့ သည်။ ပြ င်ပဈေးကွက်တွင် ရောင်းဈေးဝယ်ဈေးများ မြင့်တက်လာသော်လည်း ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းမှာမူ ၁၂၀၄ ကျပ်အထိသာ ရှိခဲ့သည်။ ငွေလဲစင်တာများတွင် သြဂုတ် လ ၂၂ ရက်က ရောင်းဈေး ၁၂၀၇ကျပ်၊ ဝယ်ဈေး ၁၂၀၄ ကျပ်ရှိခဲ့သော်လည်း သြ ဂုတ်လ ၂၃ ရက် ညနေပိုင်းတွင် ရောင်းဈေး ၁၂၁၈ ကျပ်၊ ဝယ်ဈး ၁၂၁၅ ကျပ် ရှိခဲ့သည်။ သြဂုတ်လ ၂၄ ရက်တွင် နံနက်ပိုင်းက ရောင်းဈေး ၁၂၂၁ ကျပ်၊ ဝယ်ဈေး ၁၂၁၇ ကျပ်ရှိခဲ့သော် လည်း နေ့ လည်ပိုင်းတွင် ရောင်းဈေး ၁၂၂၈ ကျပ်၊ ဝယ်ဈေး ၁၂၂၃ ကျပ်အထိ မြင့်တက်ခဲ့သည်။ သို့သော် ညနေပိုင်းတွင် ရောင်းဈေး ၁၂၁၁ ကျပ်၊ ဝယ်ဈေး ၁၂၀၇ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ သည်။ သို့သော် နောက်ရက်များတွင် ဆက်လ က် ကျဆင်းခဲ့ရာ သြဂုတ်လ ၂၆ ရက်တွင် ရောင်းဈေး ၁၂၀၈ ကျပ်၊ ဝယ် ဈေး ၁၂၀၅ ကျပ်ရှိခဲ့ကြောင်းသိရသည်။
                        Agency Ministry of Foreign Affairs
                        
                        Category General