တရုတ်နိုင်ငံသို့ မြန်မာ့ပျားရည်တင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် သြဂုတ်လ ဒုတိယပတ် ကာလအတွင်း အမေ ရိကန်ဒေါ်လာ ၁၇၅၀ တန်ဖိုးရှိ မြန်မာနိုင်ငံထွက်ပျားရည် ၂၄ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လအတွင်းက ပျားရည်တင်ပို့မှုမရှိဘဲ ဇွန်လမှာတော့ ၃၆ တန်ခွဲတင်ပို့ ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ပျားရည်ကို ပြည်တွင်းသုံးစွဲမှုထက် ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့ရကြောင်း၊ ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါး အနေနဲ့သာ အသုံးပြုပြီး ပြည်ပနိုင်ငံတွေကတော့ သကြားအစားပျားရည် စားသုံးကြောင်း၊ အအေးပိုင်းနိုင်ငံတွေမှာ ပျားရည်ကို အဓိကထားပြီး သုံးစွဲကြကြောင်း၊ ပျားလုပ်ငန်းဌာနမှ သတင်းရရှိပါတယ်။                                                    မော်မော်အောင်
 

Agency Ministry of Foreign Affairs
Category General