မူဆယ်ရော ချင်းရွှေဟော်မှပါ သကြားတင်ပို့

မန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅၀၁ သန်းတန်ဖိုးရှိ သကြား ၂၆၃၄၅ တန်ခွဲ တင်ပို့ခဲ့သလို ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၅၀၁၀ဝ တန်ဖိုးရှိ သကြား ၈၃ တန်ခွဲတင်ပို့ခဲ့ပါတယ်။
ယခင်ရက်သတ္တပတ်က မူဆယ်မှ ၃၉၃၄၂ တန် တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှ သကြားတင်ပို့မှု ၁၂၉၉၆ တန်ခွဲ လျော့နည်းသွား ခဲ့ပါတယ်။ ယခုတစ်ပတ် မှာလည်း ပြည်တွင်းသကြားဈေးက ယခင်တစ်ပတ်အတိုင်း  တစ်တန်ကို ရှစ်သိန်း လေးသောင်းကျပ် ဝယ်ယူရပြီး တစ်ဖက်နိုင်ငံတွင် ၅၀ ကီလို တစ်အိတ်လျှင်  ၂၃၇ - ၂၃၈ ယွမ်အထိ ဈေးရရှိတယ်လို့ သိရပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်တွင် အမေရိ ကန်ဒေါ်လာ ၂၅၅၃၃၇၅ တန်ဖိုးရှိသကြား ၄၆၄၂ တန်ခွဲ တင်သွင်းခဲ့ပါတယ်။ ယခင် တစ်ပတ်က ၃၉၉၁ တန်သာ တင်သွင်းခဲ့တဲ့အတွက် မြဝတီမှ သကြားတင်သွင်းမှု ယခုတစ်ပတ်မှာ ပိုမိုလာတာတွေ့ရပါတယ်။    
မော်မော်အောင်

Agency Ministry of Foreign Affairs
Category General