ဘုန်းတော်တန်ခိုးနဲ့ နှစ်ဆများ တိုးလေရော့သလား»
ဘယ်အရာမဆို မိမိမူလရှိရင်းစွဲထက် နှစ်ဆတိုး လာတယ်ဆိုရင် လူတွေကြိုက်နှစ်သက်ကြမှာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကောင်းတဲ့အရာတွေ နှစ်ဆတိုးလာ တယ်ဆိုရင် ဖရဏာပီတိ ဂွမ်းဆီထိသလို့ အားပါတရနဲ့ ရပ်ထဲရွာထဲ ရပ်သိရွာသိ ကမ္ဘာသိဖြစ်အောင် ကြော်ငြာ ကြမှာ အမှန်ပါ။
စာရေးသူ ငယ်စဉ်က အမှတ်မှားခဲ့တာလေးတစ်ခုကို ပြောချင်ပါသေးတယ်။ မုန့်လက်ဆောင်းဖတ်ဟာ ရေထဲမှာ စိမ်ထားရင်ပွလာတာ လူတိုင်းသိကြမှာပါ။ ငယ်စဉ်ဘဝ ဆိုတော့ လူကြီးတွေ ပြောစကားနားကြားလွဲပြီး ]] ပွ}}တာကို ]]ပွား}}တယ်လို့ မှတ်ထားမိခဲ့တာပါ။ စိတ်ထဲမှာတော့ မုန့် လက်ဆောင်းတစ်ခွက်ဝယ်ပြီး အိမ်ရောက်ရင်တော့ နှစ်ခွက် သောက်ရမှာပဲဆိုတဲ့ အတွေးနဲ့ ဈေးထဲကနေ မုန့်လက် ဆောင်းတစ်ခွက် ဝယ်လာခဲ့တာပါ။ အိမ်ရောက်တဲ့အထိ မသောက်သေးဘဲ မုန့်လက်ဆောင်းခွက်နားမှာ ခွက်တစ်လုံးအပိုချပြီးထိုင်ကြည့်နေတဲ့ စာရေးသူကို မိခင်ကြီးက မသောက်သေးဘဲ ထိုင်ပြီးမုန့်လက်ဆောင်း ကသိုဏ်းရှုနေ တာလားလို့ မေးပါတယ်။
အဲဒီအခါကျမှ ]] အမေကလည်း ခဏနေရင်နှစ်ခွက် ရမှာ၊ အဲဒီကျမှ ပိုသောက်ရမှာပေါ့ }} လို့ ပြောလိုက်တော့။
]]နင့်ကိုဘယ်သူပြောတုန်း ဒီလိုဖြစ်မယ်လို့ }} ]] မသိဘူးလေ အမေတို့ဘဲ ဟိုနေ့က ပြောပြီးတော့ မုန့်လက်ဆောင်းက တစ်ပြည်ဝယ်ရင် ပွားလာမှာ၊ အဲဒီတော့ တွက်ခြေကိုက် တယ်လို့ ပြောတယ်လေ}} ဆိုတော့ အမေက ]] ရှာရှာ ကြံကြံ အေ နားကြားကလည်း လွဲပါဘိ၊ ပွားတာမဟုတ်ဘူး ပွလာ တာကိုပြောတာ}} ဟုဆိုပြီး စာလုံးပေါင်းပါ ရွတ်ပြသွားခဲ့တာ အခုထိ မှတ်မိနေပါသေးတယ်။
စာရေးသူတို့ ဒေသတွေမှာ စားသုံးသူ အကာအကွယ် ပေးရေး ဟောပြောပွဲတွေ ကျင်းပနေတာကြာပြီ။ ဒါပေမယ့် လည်းပြည်သူတွေကြားမှာ စားသုံးသူ အကာအကွယ်ပေး ရေးနဲ့ ပတ်သက်တဲ့ အသိÓဏ်တွေ ဘယ်လောက်တောင်ရ နေပြီလဲလို့ ကွင်းဆင်းစပ်စုရင်းနဲ့ နှစ်ဆတိုးတဲ့ အကြောင်း လေးကို ကြားလိုက်ရလို့ ငယ်ငယ်ကဖြစ်စဉ်လေးကို သတိ တရ ရေးလိုက်မိတာပါ။
ကနီမြို့ကို ရောက်နေတဲ့ စာရေးသူဟာ ကနီမြို့သား တစ်ဦးရဲ့ နှစ်ဆတိုးတဲ့ အတွေ့အကြုံလေးကို ကြားလိုက် ရတဲ့အတွက် ဒီအသိပညာကို ပြည်သူတွေသိအောင် တင်ပြ ရတာ ဖြစ်ပါတယ်။
အဲဒီ ကနီမြို့သားဟာ ကွမ်းအလွန်ကြိုက်တဲ့သူပါ။ စားသုံးသူကာကွယ်ရေးဆိုတာတွေ မလုပ်ခင်တုန်းကတော့ ကွမ်းယာဆိုတာ စိတ်ကြိုက်စားခဲ့တဲ့သူတစ်ဦးပါ။ အိန္ဒိယက တင်သွင်းတဲ့ Signal ၊ဆေးဝါ၊ ဆေးမည်း၊ နှပ်ဆေး စတဲ့ ဆေး ပေါင်းစုံ အမယ်မျိုးစုံ၊ တံဆိပ်မျိုးစုံကို စိတ်ကြိုက် စားလာ ခဲ့တဲ့သူတစ်ဦးပါ။
ဒီနှစ်ထဲမှာ စားသုံးသူ အကာအကွယ်ပေးရေး ဟော ပြောပွဲတွေကြောင့်ရော သတင်းစာမှာ ဖော်ပြထားတဲ့ ကြေ ညာချက်တွေကြောင့်ရော ကွမ်းယာကို ဆေးမျိုးစုံနဲ့ ဝယ်စား ဖို့ တော်တော်လေး ထိတ်လန့်မိခဲ့ပါတယ်။
ဒါပေမယ့်လည်း သူ့ရဲ့အတွေးက အရင်တုန်းက တို့ မြန်မာကြီးတွေလည်း ကွမ်းစားခဲ့ကြတာပဲ။ အဖိုးတို့ အမေတို့ အဖွားတို့တောင် ကွမ်းစားခဲ့ကြတာပဲ၊ သူတို့ဆို အသက် ကိုးဆယ်ကျော်အထိ နေသွားကြရတယ်။ သူတို့က ကွမ်းအစ် တည်ပြီး စားကြတာကိုး၊ ဒါဆိုငါလည်း ကွမ်းယာ ကို ဆိုင်က ဝယ်မစားဘဲ အိမ်မှာ ကွမ်းအစ်တည်ပြီး စား တော့မယ်။ ဒါဆို တော်တော်အန္တရာယ် ကင်းသွားပြီဆိုတဲ့ အတွေးနဲ့ပေါ့။
သူ့အတွေးနဲ့သူ ကွမ်းသီးစိမ်းကိုဝယ်၊ အခွံခွာ၊ နေလှမ်း၊ အိမ်မှာတင် ကွမ်းညှပ်နဲ့ ညှပ်၊ သမ္မတောရွာက ဆေးရွက်ကြီးကို လှမ်းမှာ၊ ကွမ်းရွက်ကိုတော့ မုံရွာဈေးထဲက နေဝယ်ယူပြီး အိမ်မှာ ကွမ်းအစ်တည်ပြီး စားခဲ့တဲ့သူပါ။
ဒါပေမယ့်တစ်နေ့မှာ သူ့အတွက် အံ့သြစရာ ဖြစ်ရပ် တစ်ခုကြုံလာခဲ့ရပါတယ်။ မုံရွာဈေးထဲကနေ ဝယ်လာတဲ့ ကွမ်းရွက် (အနေတော်အရွက်) တွေကို အိမ်ကရေပုံးထဲမှာ ထည့်ထား ခဲ့ပါတယ်။ မနက်မိုးလင်းတဲ့အခါကျတော့ အဲဒီ ရေပုံးထဲက ကွမ်းရွက်တွေဟာ ဘုန်းတော်တန်ခိုးနဲ့ နှစ်ဆ တိုးသွားတာကို အံသြဖွယ်ရာတွေ့ရပါတယ်။
ကွမ်းရွက်တွေ ဈေးကောင်းတဲ့အတွက် စိုက်ခင်းရှင် ဟာ အရွက်အားတိုးဆေးဖြန်းထားတာကို မေ့လျော့ပြီး ကွမ်းရွက်တွေကို အချိန်မီဈေးကို ပို့နိုင်ဖို့ ခူးလိုက်ရတာဖြစ် ပါလိမ့်မယ်။ ရွက်ဖြန်းအားတိုးဆေးရဲ့ အရွက်ကြီးတဲ့အချိန် ဟာ ကနီသားအိမ်ရောက်တဲ့အချိန်ဖြစ်သွားတာကြောင့် ကွမ်းရွက်တွေဟာ မူလဝယ်ယူစဉ်က အရွယ်အစားထက် နှစ်ဆမက ပိုပြီးကြီးထွားသွားခဲ့ရတာ ဖြစ်ပါ တယ်။
ကွမ်းအင်မတန် ကြိုက်တဲ့ကနီသားလည်း အဲဒီ အချိန်တည်းက ကွမ်းပြတ်သွားခဲ့ရပါပြီလို့ စာရေးသူကို ရင်ဖွင့်ခဲ့ ပါတယ်။
တိုးတက်လာတဲ့ လူဦးရေကြောင့် သစ်သီးဝလံတွေ၊ သားငါးတွေ အစရှိတဲ့ စားသောက်ကုန်တွေမှာ အသီးအား တိုးဆေး၊ အရွက်အားတိုးဆေး၊ အပွင့်အားတိုးဆေး၊ အသားအားတိုးဆေး စတဲ့ ဓါတုဗေဒဆေးဝါးတွေကို သုံးစွဲ ကြရပါတယ်။ အဲဒီလိုသုံးစွဲတဲ့အခါမှာ သူ့နေရာနဲ့သူ အံဝင် ခွင်ကျ ရှိဖို့အရေးကြီးလှပါတယ်။ ဖြန်းသင့်တဲ့အချိန်မှာ ဖြန်းပြီး ခူးဆွတ်သင့်တဲ့ အချိန်မှာ ခူးဆွတ်မှသာ မှန်ကန် သင့်လျော်တဲ့ အသီးအရွက်၊ သားငါးတွေရရှိမှာဖြစ်ပါတယ်။
ကနီသားရဲ့ အတွေ့အကြုံဟာ သူ့အတွက် သာမက စားသုံးသူပြည်သူတွေကိုပါ အသိသတိရှိအောင် ညွှန်ပြ ပေးလိုက်သလိုပါပဲ။ စားသုံးသူတွေအနေနဲ့ အရာရာကို မိမိရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆင်ခြင်ပြီး ရွေးချယ် စား သောက်တတ်ကြပါစေလို့ ရေးသားတင်ပြလိုက်ရပါတယ်။
Agency Ministry of Foreign Affairs
Category General