-ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်
                                                    
                
	ယခုတစ်ပတ်တွင် ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်ခဲ့ရာ အမြင့် ဆုံးရောင်းဈေးအဖြစ် ကျပ်၁၂၀ဝ သို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ဈေးကွက်တွင် အဝယ်လိုက်လာသဖြင့် ဈေးမြင့်တက်လာရခြင်းဖြစ်သည်ဟုဆိုသည်။
	]]ဈေးကွက်ထဲမှာ အဝယ်ပြန်လိုက်လာတာ နှစ်ပတ်လောက်ရှိနေပြီ။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက အဝယ်လိုက်နေတာပါ။ ဈေးပြန်တက်လာတဲ့အတွက်  ဈေး ကွက်ထဲမှာ ပြန်ပြီးလှုပ်လာတယ်။ နိုင်ငံတကာမှာလည်း ဈေးမြင့်တက်လာတဲ့အတွက် ပြည်တွင်းငွေလဲနှုန်းတွေ မြင့်တက်လာရတာပါ။ သွင်းကုန်တွေကလည်း များလာ တော့ သွင်းကုန်အတွက် ဝယ်ကြတာများပါတယ်}}ဟု ဈေးကွက်အတွင်းဝယ်ရောင်း ပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။
	ပြည်တွင်းငွေလဲစင်တာများတွင် သြဂုတ် ၁၅ ရက်က ရောင်းဈေး ၁၁၃၉ကျပ်၊ ဝယ်ဈေး ၁၁၉၁ ကျပ်ရှိခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် ရောင်းဈေး ၁၁၉၅ကျပ်၊ ဝယ် ဈေး ၁၁၉၃ ကျပ်ရှိခဲ့သည်။ သြဂုတ် ၁၉ ရက်တွင် ရောင်းဈေး ကျပ် ၁၂၀ဝ၊ ဝယ် ဈေး ၁၁၉၇ ကျပ်သို့ မြင့်တက်ခဲ့သည်။                             
	 
                        Agency Ministry of Foreign Affairs
                        
                        Category General