သြဂုတ်တတိယပတ်အတွင်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ပြည်ပဝယ် လက်ပဲအားလုံးဈေးလျော့နည်းခဲ့ပြီး ပဲကြီးဈေးနှင့် ပဲပုပ် ဈေးငြိမ်လျက်ရှိ
                                                    
                
	ပြည်ပဲမျိုးစုံဈေးကွက်အတွင်း သြဂုတ်လ တတိယပတ် မှာ ပဲဈေးအားလုံးလိုလို ဈေးလျော့နည်းခဲ့တာကြောင့် ပြည်ပ ဝယ်လိုအားရှိတဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း  သီးနှံများအပြင် ကုလားပဲမှာလည်း ဈေးလျော့နည်းကျဆင်းခဲ့တာ ကို တွေ့ရ ပါတယ်။ ကျန်လက်လီပဲများကတော့ ဈေးငြိမ်သလို အရောင်း အဝယ်အေးနေတယ်လို့ သိရပါတယ်။ ပဲကြီးသီးနှံမှာ ဈေး လျော့မသွားဘဲ ယခင်ရက်သတ္တပတ်အတိုင်း ဈေးဆက်ငြိမ်နေ ကာ လက်လီဝယ်လက်သမားများအပြင်  ပဲကြော်ဖိုလုပ်ငန်း သမားများလည်း ပုံမှန်အဝယ်ရှိနေခဲ့ပါတယ်။
	မတ်ပဲသီးနှံမှာ ယခုရက်ပိုင်းအတွင်း  ပဲအဝင်သိပ်မရှိ တော့လို့ လက်ကျန်ပဲများဖြင့် ရန်ကုန်ဝယ်လက်ဝယ်ယူတဲ့ အပေါ်မူတည်ပြီး တစ်ရက်အိတ် ၄၀ဝ ကျော် ၅၀ဝ အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ပဲဈေးနှုန်းမှာ လျော့နည်းကာ တစ် တင်း ၄၆၅၀ဝ ကျပ်ဖြင့်သာ   ယခင်တစ်ပတ်ကဈေးထက် ထပ်မံလျော့နည်းကျ ဆင်းခဲ့ပါတယ်။
	ယခု  သြဂုတ်လအတွင်းမှာ မတ်ပဲဈေးအကျဘက်သို့ ဦးတည်နေတဲ့အတွက်  လဆန်းရက်ကစပြီး ကျပ်ငါးသောင်း အောက် ကျဆင်းသွားခဲ့ရာမှ  ဒုတိယပတ်မှာ ကျပ် ၅၂၀ဝ၀ ထိ ဈေးပြန်ရခဲ့ပါတယ်။ ဒါပေမယ့် ယခု တစ်ပတ်မှာတော့ ကျပ်ငါးသောင်းအောက် ပြန်လည်ကျဆင်းခဲ့ပါတယ်။ ယခုလ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းအရ  ယခင်နှစ်က ဈေးနှုန်း နှင့် သိပ်မကွာတော့တဲ့အတွက် မတ်ပဲဈေးကို ခန့်မှန်းရခက်နေ တယ်လို့ သိရှိရပါ တယ်။
	ပဲတီစိမ်းသီးနှံမှာ ပဲသစ်များ ဆက်လက် ဝင်ရောက်နေ သော်လည်း ဈေးနှုန်းများကျဆင်း နေ၍ တစ်တင်းကျပ်နှစ် သောင်းခန့်သာ  ရရှိနေခဲ့တယ်လို့ သိရပါတယ်။ အိတ် ၂၀ဝ ကျော် ၃၀ဝ နေ့စဉ်ဝင်ရောက်နေသလို မန္တလေးဝယ်လက်က လည်း အကျဈေးနဲ့သာ အဝယ်ရှိတဲ့အတွက် ဝင်ရောက်လာ သမျှ  ပဲအားလုံးကတော့ အရောင်းအဝယ်ဖြစ်လျက်ရှိတာကို တွေ့ရပါတယ်။ ယခင်နှစ်က  ပဲတီစိမ်းသီးနှံရဲ့   သြဂုတ်ပဲသစ် ဈေးနှုန်းမှာ တစ်တင်း  ကျပ်လေးသောင်းအထိရရှိခဲ့သော် လည်း ယခုနှစ်ဈေးအနေဖြင့် ယခင်နှစ်ရဲ့ ထက်ဝက်ဈေးသာ ရရှိခဲ့လို့ ပဲစိုက်တောင်သူများ အကျိုးအမြတ် သိပ်မရှိနိုင်ဘူး လို့လည်း ခန့်မှန်းနေကြတယ်လို့ သိရပါတယ်။
	ပဲစင်းငုံသီးနှံကလည်း မတ်ပဲဈေးကဲ့သို့ ဈေးထပ်လျော့ သွားတာကြောင့် တစ်တင်းကျပ် ၃၅၀ဝ၀ ဖြင့်သာ ရက်ခြားဆို သလို အိတ် ၂၀ဝ၊ ၃၀ဝ ခန့်  အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ကုလားပဲသီးနှံဈေးက ယခုတစ်ပတ်မှာ ပဲစင်းငုံ ထက်ဈေးပိုရ နေတာကို တွေ့ရပေမယ့် ယခင်တစ်ပတ်က  ကုလားပဲဈေး ထက်  ဈေးလျော့နည်းနေပြီး တစ်တင်း ကျပ် ၄၂၀ဝ၀ ဖြင့် ဒေသတွင်း ပဲခွဲစက်သမားနေ့စဉ်   ပုံမှန်ဝယ်ယူလျက်ရှိတာ ကြောင့် ပဲအဝင်နည်းသော်လည်း အိတ် ၂၀ဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
	အခြားပဲများအားလုံးလိုလို ယခုတစ်ပတ်မှာ ဈေးလျော့ နည်းကျဆင်းနေသော်လည်း ပဲကြီးသီးနှံဈေးကတော့ ဈေး အတက်အကျမဖြစ်ဘဲ ဈေးငြိမ်နေကာ အိတ် ၁၅၀၊ ၂၀ဝ ခန့် အဝင်ရှိပြီး ပဲကြော်ဖိုလုပ်ငန်းသမားများ ဝယ်ယူ နေတဲ့အတွက် (ရွှေကျွန်း) တစ်တင်း  ကျပ် ၂၈၀ဝ၀၊ (ကမ်းနား) တစ်တင်း ၂၅၅၀ဝ ကျပ်ဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်နေပါတယ်။ ပဲပုပ် သီးနှံမှာ လက်လီအချို့သာ ဝယ်ယူနေလို့ အိတ် အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲဈေးမှာ တစ်တင်း ကျပ် ၂၂၀ဝ၀ ဖြင့် ဈေးအပြောင်းအလဲမဖြစ်ဘဲ  အရောင်းအဝယ်အေး ဈေး အေးခဲ့ကြောင်း သိရှိရပါတယ်။            
	             ခင်ဆွေဝင်း
                        Agency Ministry of Foreign Affairs
                        
                        Category General