သီလဝါရှယ်ယာဈေးများ ဆက်လက်ကျဆင်း
                                                    
                ယခုတစ်ပတ်တွင် သီလဝါရှယ် ယာဈေးနှုန်းများ ဆက်လက်ကျဆင်းလာခဲ့ပြီး စတင်ဖွင့်လှစ်ခဲ့စဉ်က သတ် မှတ်ခဲ့ သည့်အနိမ့်ဆုံးနှုန်းထားအောက် သို့ ရောက် ရှိခဲ့ကြောင်း YSX ၏ထုတ် ပြန်ချက်များအရ သိရသည်။ သီလဝါ ရှယ်ယာဈေးများကျဆင်း ခဲ့သော်လည်း အက်ဖ်အမ်အိုင်၏ ရှယ် ယာဈေးများမှာမူ ပုံမှန်အ တိုင်းရောင်း ဝယ်လျက်ရှိကြောင်း သိရသည်။ သို့သော် နေ့စဉ်ရောင်းဝယ်မှု ပမာဏမှာမူ အနည်းငယ်သာ ရှိခဲ့ ကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း FMI ရှယ်ယာရောင်းချရမှု အရေအတွက်သည် အများဆုံး ၁၇၂၅ စုအထိ ရှိခဲ့ပြီး အနည်းဆုံး ၁၃၅ စုအထိ ရှိခဲ့ သည်။ MTSH ရှယ်ယာများသည် အများဆုံး ၁၄၁၂ စုအထိရှိခဲ့ပြီး အနည်းဆုံး ၁၄၁ စုအထိရှိခဲ့ကြောင်းသိရသည်။ MTSH ရှယ်ယာများသည် ဈေး နှုန်းကျဆင်းလာမှုကြောင့် ဝယ်ယူသည့် အရေအတွက်များလာခေဲ့ သာ်လည်း ရောင်းချသူများမှာမူ အနည်းငယ်သာရှိ ခဲ့သည်ဟုဆိုသည်။ MTSH ရှယ်ယာများသည် သြဂုတ် ၁၁ ရက်မှ စတင်ကာ မူလ သတ်မှတ်ထားသည့် အနိမ့်ဆုံးဈေး အောက်ဖြစ်သည့် ကျပ် ၄၅၀ဝ၀ သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
                        Agency Ministry of Foreign Affairs
                        
                        Category General