ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တင်သွင်းမှုနားခဲ့

ဇူလိုင် ၃၁ရက်မှ သြဂုတ် ၆ ရက်သီတင်းပတ်အတွင်းကန်ဒေါ်လာ ၁၄၅၆၈၆၆ တန်ဖိုးရှိ ဒီဇယ်၃၈ ဒသမ ဝ၈၈ တန်နဲ့ ကန်ဒေါ်လာ ၁၈၀၅၁၅၃ တန်ဖိုးရှိ ဓာတ်ဆီ ၃၆ ဒသမ ၆၄၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ အဆင့်မြင့်ဒီဇယ်နဲ့ ၉၂ ပဲတင်သွင်းခဲ့တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ရော ဓာတ်ဆီပါအဝင်ပျောက်ခဲ့ပြီး ဒီတစ်ပတ်မှ ပြန်လည် တင်သွင်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်စခန်း များဖြစ်တဲ့ မြ ဝတီစခန်းမှ ကန်ဒေါ်လာ ၂၅၈၈၂ တန်ဖိုးရှိ ဓာတ်ဆီ ၅၄ တန်တင်သွင်းခဲ့သလို မြိတ်စခန်းမှ ကန်ဒေါ်လာ ၅၇၆၁၂ တန်ဖိုးရှိ ဓာတ်ဆီ တန်ချိန် ၁၀ဝ နဲ့ ကန်ဒေါ်လာ၂၃၁၁၅ တန်ဖိုးရှိ ဒီဇယ် ၄၆ တန်၊ ကော့သောင်း မှ ကန်ဒေါ်လာ ၇၄၆၉၀ တန်ဖိုးရှိ ဒီဇယ် ၁၀၁ ဒသမ ၂၀၅ တန်နဲ့ တာချီလိတ်မှ ကန်ဒေါ် လာ ၁၃၇၀၄၇ တန်ဖိုးရှိ ဒီဇယ်၂၇၆ ဒသမ ၅၃၆ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ မှာ ရောင်းချနေ တဲ့ အောက်တိန်း(၉၂)၊ ဒီဇယ်၊ အဆင်မြင့်ဒီဇယ်နဲ့ အောက်တိန်း(၉၅)မှာ ဈေးအနည်း ငယ် ပြန်မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံး ဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၅၁၀ ကျပ်၊အောက် တိန်း (၉၂) ၅၂၀ ကျပ်၊ အောက်တိန်း (၉၅) ၅၉၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်၅၄၀ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ် ၈ ရက် ဒီဇယ်ဝယ်ဈေး ၁၀ဝ၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၀၃၀ဝ၀ ကျပ် ဈေးရှိခဲ့ရာမှ ၁၀ရက်တွင် ဝယ်ဈေး ၁၀ဝ၀ ကျပ်၊ ရောင်းဈေး၂၀ဝ၀ ကျပ် ဈေး မြင့်လာခဲ့တယ်လို့သိရပါတယ်။ ဓာတ်ဆီပီပါဈေးမှာ သြဂုတ် ၈ ရက်တွင် ဝယ်ဈေး ၁၂၀ဝ၀ဝ ကျပ်၊ရောင်းဈေး ၁၂၅၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၁၀ ရက်တွင် ဝယ်ဈေး၊ ရောင်းဈေး ၁၀ဝ၀ ကျပ် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတေ် ဈးနဲ့ယှဉ်ရင်ဓာတ်ဆီရော ဒီဇယ်ပါ ဈေးနည်းနည်း မြင့်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန်ဈေးမှာ မပြောင်းဘဲ ဒီဇယ်ရော ဓာတ်ဆီပါ ယခင်တစ်ပတ်ဈေးဖြစ် တဲ့ တစ်ဂါလန် ၂၈၀ဝ-၃၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံး ဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ၆၄၅ ကျပ်၊ ဒီဇယ် ၅၅၅ ကျပ်၊အဆင့်မြင့် ဒီဇယ် ၆၀ဝ ကျပ်၊ အောက်တိန်း (၉၂) ၆၀ဝ ကျပ်နဲ့ ရောင်း ချနေပါတယ်။ ပြင်ပလက် လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ သြဂုတ် ၈ ရက် ဒီဇယ် ဝယ်ဈေး ၁၀၄၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၀၈၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၉ ရက်တွင် ဝယ်ဈေး၊ ရောင်းဈေး ၁၀ဝ၀ ကျပ်ဈေးမြင့်ခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ဈေးနဲ့ ယှဉ်ရင် ဈေးအတက်အကျသိပ်မရှိဘူး လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ သြဂုတ် ၈ ရက်တွင် ဝယ်ဈေး ၁၃၀ဝ၀ဝ ကျပ်၊ ရောင်းဈေး ၁၃၂၀ဝ၀ ကျပ်နဲ့ အေ ရာင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ် ၁၀ဝ၀ ကျပ်ဝန်းကျင် ဈေးအတက် အကျဖြစ်ခဲ့ပေမယ့် ဓာတ်ဆီဈေးငြိမ်နေခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၂၆၀ဝ ကျပ်၊ ဓာတ်ဆီ ၃၀ဝ၀ ကျပ်နဲ ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီ တစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများမှာ ဓာတ်ဆီတစ်ဂါလန် ၂၈၀ဝ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၇၀ဝ ကျပ်နဲ့ ရောင်းချတယ် လို့သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၂၉၀ဝကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၇၀ဝကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဓာတ်ဆီဈေးငြိမ်နေပြီး ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေး အနည်းငယ်ကျလာတယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေ တဲ့ဈေးများက ဓာတ်ဆီတစ်ဂါလန် ၃၀ဝ၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၅၆၅ ကျပ်၊ အောက်တိန်း တစ်ဂါလန် ၂၅၂၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပြီး ပြင်ပလက်လီဆိုင် များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀ဝကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀ဝ ကျပ်၊ အောက် တိန်း တစ်ဂါလန် ၂၆၀ဝကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

Agency Ministry of Foreign Affairs
Category General