ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်မြင့်တက်

ပြီးခဲ့သည့်ရက်သတ္တပတ်နှစ်ပတ်ဆက်တိုက်ငြိမ်သက်နေခဲ့သည့် ပြည်တွင်း ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကြော င်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ငွေလဲနှုန်းမြင့် တက်လာခဲ့မှုကြောင့် ဈေးကွက်အတွင်း လှုပ်လှုပ်ရှားဖြစ်လာခဲ့ပြီး အရောင်းအဝယ် ပြန်လည်သွက်လာ ခဲ့ သည်ဟု ဆိုသည်။"ဒီတစ်ပတ်တော့ပြည်တွင်းငွေဈေးကွက်ထဲမှာ နည်းနည်းပြန်လှုပ်လာတယ်။ ဈေးပြန်တက်လာတော့ ဝယ်တဲ့သူရော ရောင်းတဲ့သူပါ အရင် တစ်ပတ်ကထက် ပိုများလာတယ်။ ပြည်တွင်းက ရွှေဝယ်ရောင်းလုပ်မှုအပေါ် တစ် ကျပ်သားကို ငါးရာခိုင်နှုန်းကောက်မယ်ဆိုတဲ့အတွက် ငွေကြေးဘက်ကို လှည့် လာကြတယ်လို့ ထင်ပါတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးကဆိုသည်။ ပြည်တွင်းငွေဈေးကွက်တွင် သြဂုတ် ၈ ရက်က ရောင်းဈေး ၁၁၈၈ ကျပ်၊ ဝယ်ဈေး ၁၁၈၅ ကျပ်ရှိခဲ့ရာမှ သြဂုတ် ၁၁ ရက် ညနေပိုင်းတွင် ရောင်းဈေး ၁၁၉၀ ကျပ်၊ ဝယ်ဈေး ၁၁၈၇ ကျပ်သို့ အနည်းငယ်မြင့်တက်ခဲ့သည်။ သြဂုတ် ၁၂ ရက်ဈေး ပိတ်ချိန်တွင် ရောင်းဈေး ၁၁၉၃ ကျပ်၊ ဝယ်ဈေး ၁၁၉၀ ကျပ်သို့ ဆက်လက်မြင့်တက်ခဲ့သည်။

Agency Ministry of Foreign Affairs
Category General