ထန်းလျှော်တောင်းလုပ်ငန်းဖြင့်တလိုင်းကျွန်း ကျေးရွာမှ တောင်သူများအပိုဝင်ငွေများရရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊   စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာမှ တောင်သူများဟာ ထန်းလျှော် တောင်းလုပ်ငန်းဖြင့် အပိုဝင်ငွေများရရှိနေကြောင်း သိရပါတယ်။
တလိုင်းကျွန်းကျေးရွာပတ်ဝန်းကျင်မှာ ထန်းပင် များ အများအပြားရှိတဲ့အတွက် ကုန်ကြမ်းကိုလိုသ လောက်  ရရှိနေပါတယ်။ ထန်းလက်အတိုအရှည်ပေါ် မူတည်ကာ ထန်းလက်အချောင်းအစီး ၁၀ဝ

တစ်စီးလျှင် ကျပ် ၃၀ဝ၀ မှ ကျပ် ၄၅၀ဝ အထိဝယ်ယူရပါတယ်။ ဝယ်ယူထားတဲ့ ထန်းလက်တွေကို ကျောဘက်နဲ့ ဗိုက် ဘက်မှ လျှော်ချရပါတယ်။ လျှော်ချခအဖြစ် ထန်းလက် အစီး ၁၀ဝ လျှင်

ကျပ်နှစ်ထောင်ပေးရပါတယ်။
ရက်လုပ်တဲ့အခါမှာ ထန်းလက်အစီး ၁၀ဝ တစ်စီးမှာ ခွဲတောင်းဆိုဒ်ဖြစ်ပါက ရှစ်ပြည်ဝင်တောင်း ၁၆ လုံး၊ စိတ်တောင်းဆိုဒ်ဖြစ်ပါက လေးပြည်ဝင်အလုံး ၂၀ ခန့် ရရှိမှာဖြစ်ပါတယ်။ တစ်ရက်လျှင်

ခွဲတောင်းရက် လုပ်ပါက ခြောက်လုံးပြီးစီးနိုင်ပြီး  စိတ်တောင်းရက် လုပ်ပါက ရှစ်လုံးအထိ ပြီးစီးနိုင်တယ်လို့ သိရပါတယ်။
ရက်လုပ်ပြီးစီးတဲ့ ထန်းလျှော်တောင်းများကို တလိုင်းကျွန်းကျေးရွာမှာရှိတဲ့ ပွဲစားများထံသို့ ခွဲတောင်း တစ်လုံးလျှင်ကျပ် ၉၀ဝ၊ စိတ်တောင်းတစ်လုံးလျှင်ကျပ် ၇၀ဝ နှုန်းနဲ့ ပေးသွင်းရတယ်လို့ သိရပါတယ်။
တလိုင်းကျွန်းရွာမှ    ရက်လုပ်တဲ့ ထန်းလျှော် တောင်းများဟာ အောက်ပိုင်းရှုး (ဇလား) ပုံတောင်းများ ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ နဲ့ မန္တလေးမြို့သို့ အများဆုံး  

တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ အဆိုပါ   ထန်းလျှော်တောင်းလုပ်ငန်းကို တောင်သူလုပ်ငန်းနဲ့တွဲပြီး တစ်နှစ်ပတ်လုံးတွင်ကျယ်စွာ ရက်လုပ်နေကြတဲ့အတွက် အိမ်တွင်းအသေးစားကုန်

ထုတ်လုပ်ငန်းအဖြစ် မိသားစုအပိုဝင်ငွေများ  ရရှိနေ ကြောင်း တလိုင်းကျွန်းကျေးရွာမှ တောင်သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

Agency Ministry of Foreign Affairs
Category General