ဧရာဝတီတိုင်းအတွင်းရှိ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များပြည်ပကုန်စည် ပြပွဲများတွင် ပါဝင်ပြသနိုင်ရေးဆွေးနွေးပွဲကျင်းပ

ပုသိမ်မြို့၊ ဧရာဝတီကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ARCCI ရုံးမှာ ဇူလိုင် ၂၉ ရက်နံနက် က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနဲ့ အဖွဲ့က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကုမ္ပဏီ၊ စီးပွား

ရေးလုပ်ငန်းရှင်များအနေဖြင့်  ပြည်ပနိုင်ငံများမှာ ကျင်းပမယ့် ကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်ရေး ရှင်းလင်းဆွေး နွေးပွဲပြုလုပ်ရာ ARCCIှု  အသင်းမှ တာဝန်ရှိသူများ၊ ညီနောင် အသင်းများမှ ဥက္ကဋ္ဌ၊

ဒု-ဥက္ကဋ္ဌများ၊ ဧရာဝတီတိုင်းဒေသကြီး စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်း ရှင်များ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန် သွယ် မှုမြှင့်တင်ရေးဌာနခွဲမှ  ညွှန်ကြားရေးမှူး ဦးစိုးအောင်က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade) ကို ကိုရီး ယားနိုင်ငံရှိKOTRA(Korea

Trade Promotion Organization )  အဖွဲ့ရဲ့ပံ့ပိုးကူညီမှုဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်များ တွင် Task Force  အထူးလုပ်ငန်းအဖွဲ့

လုပ်ဆောင်ချက်များ ပါဝင်ပြီး၊  စီးပွားရေးလုပ်ငန်းရှင်များအတွက်  ကုန်သွယ်မှု   လွယ်ကူချောမွေ့စေရေးနှင့်ပတ်သက်၍  ကြီးကြပ်ထိန်းသိမ်းမှု ပြုလုပ်ပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲနဲ့  အစည်းအဝေးများ

ပြုလုပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်ပရင်းနှီးမြှုပ်နှံ မှုများ ပါဝင်လာမှသာ ပိုမိုအောင်မြင်လာမည်ဖြစ်၍ ဧရာဝတီ တိုင်းဒေသကြီးမှ

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပ လုပ်ငန်းရှင်များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရန်  ပြည်ပကုန်စည် ပြပွဲများတွင် ပါဝင်ပြသရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ပလုပ်ငန်းရှင်များ   

ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန်နဲ့  ပြည်တွင်းလုပ်ငန်းရှင်များရဲ့  စီးပွားရေးလုပ်ငန်းများမှေးမှိန် မသွားစေရန် FDI law ကို ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပါတယ်။
ထို့နောက်  ဒုတိယညွှန်ကြားရေးမှူး   ဒေါ်မြမြစိန်က ပြည်ပကုန်စည်ပြပွဲများအကြောင်းနဲ့ လျှောက်လွှာပုံစံများအား တက်ရောက်လာသူများကို  ပြသ၍

ပြည်ပကုန်စည်ပြပွဲများအကြောင်းရှင်းလင်းရာတစ်နှစ်လျှင် အာဆီယံကုန်စည်ပြပွဲ သုံးပွဲခန့်ရှိကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီများမှ တင်သွင်းသော လျှောက်လွှာပုံစံများကို စိစစ်ပြီးရွေးချယ်လေ့ရှိကြောင်း၊

ကုန် သွယ်မှုပြပွဲများ သွားရောက်ပြသခြင်းဖြင့်  မြန်မာ့ကုန်စည်ကို နိုင်ငံတကာ ဝယ်လက်များကသိရှိပြီး ပြည်ပဈေးကွက်ရရှိမှာ ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှာ ကျင်းပ မယ့်

တရုတ်အာဆီယံကုန်စည်ပြပွဲ နန်နင်းကုန်စည်ပြပွဲ၊ နိုဝင် ဘာ ၂ ရက် (ASEAN Korea Center ) မှကြီးမှူးကျင်းပမယ့် Trade Fair 2016 ၂၀၁၆ ၊ အောက်တိုဘာ ၂၇ ရက်မှာ တရုတ်(တိုင်ပေ)

မှာကျင်းပမယ့် 2016 KAOHSIUNG FOOD SHOW နဲ့ ထိုင်း နိုင်ငံ၌ အောက်တိုဘာ ၁၀ ရက်မှာ ကျင်းပပြုလုပ်မယ့် Bangkok Gems &Jewellary fair စသည့် နိုင်ငံတကာကုန်စည်ပြပွဲများ တွင်

ပါဝင်ပြသနိုင်ရန် လေ့လာလိုသူအဖြစ် လိုက်ပါလျှင် သိ သင့်သိထိုက်သည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသူများရဲ့ မေးမြန်းချက်များကို

သက်ဆိုင်ရာတာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရပါတယ်။                ကျော်ဋ္ဌေး(ဟင်္သာတ)
                                                                                      

Agency Ministry of Foreign Affairs
Category General