သဲကုန်းမြို့မှ ဟင်းသီးဟင်းရွက်များအား ရန်ကုန်သို့တင်ပို့
                                                    
                
	သဲကုန်းမြို့နယ်၊ ဝက်ပုတ်၊ ဆင်မြီးဆွဲနှင့် အနီးပတ်ဝန်း ကျင် ကျေးရွာများမှ ထွက်ရှိတဲ့ ရွှေဖရုံသီး၊ ကျောက် ဖရုံသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ ပဲလင်းေ>မသီး (ဗုံလုံသီး)၊ သခွား သီး၊
	
	ကြက်ဟင်းခါးသီး၊ ခရမ်းသီး၊ ပဲဇောင်း ငါးသီး၊ ငရုတ်သီး စိမ်း၊ ပြောင်းဖူး၊ မုန်လာဥ၊ မြင်းခွာရွက်၊ ဆလပ်ရွက်၊ မုန်ညင်း ရွက်စသော ဟင်းသီးဟင်းရွက်မျိုးစုံကို ရန်ကုန်မြို့သို့ အဓိက
	
	တင်ပို့ရောင်းချလျက်ရှိပါတယ်။
	အဆိုပါ သီးနှံများကို ကုန်စိမ်းဒိုင်များမှ ရွှေဖရုံသီးချော တစ်လုံးလျှင် ၈၀ဝ ကျပ်၊ ကျောက်ဖရုံသီး တစ်လုံးလျှင် ၁၀ဝ၀ ကျပ်၊ သခွားသီးချော တစ် လုံးလျှင် ၃၀ ကျပ်၊ ရုံးပတီသီးချော တစ်တောင့်လျှင်
	
	၈ကျပ်၊ မုန်လာဥ အလုံး၂၀တစ်တွဲလျှင် ၈၀ဝ ကျပ်၊ ခရမ်းသီးချော တစ်လုံးလျှင် ၄၀ကျပ်၊ ကြက်ဟင်းခါးသီး တစ်လုံးလျှင် ၂၀ ကျပ်၊ ပဲတောင့်ရှည် အတောင့် ၁၀ဝတစ်စီး လျှင် ၃၀ဝ ကျပ် ငရုတ်သီး  
	
	တစ်ပိဿာလျှင် ၁၃၀ဝကျပ်၊ မြင်းခွာရွက် ပေဝက်ခန့် တစ်စီးလျှင် ငါးကျပ်နှုန်းဖြင့် သီးနှံ စိုက် တောင်သူများထံမှ ဝယ်ယူပြီး၊ ရန်ကုန်မြို့သို့ ရထား၊ ကားတို့ဖြင့် တင်ပို့ရောင်းချလျက်ရှိရာ ကားခအနေဖြင့်
	
	ဝက်ပုတ်မှ ရန်ကုန်သို့ ကုန်ချိန်  တစ်ပိဿာ ၄၀ ကျပ်နှုန်းဖြင့် တစ်နေ့လျှင် ၁၂ ဘီးကား ငါးစီးခန့်တင်ပို့ရောင်းချကြောင်း ကုန်စိမ်းရောင်း ဝယ်သည့်ကုန်သည်များ၏ပြောကြားချက် အရ သိရှိရပါသည်။
	ထို့အပြင် အဆိုပါ ဟင်းသီးဟင်းရွက်များကို အောင်လံ နှင့် မြန်အောင်မြို့သို့လည်း ခရီးသည်တင်ကားများဖြင့်  တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။     ပပရွှေ (ပခုက္ကူ)
                        Agency Ministry of Foreign Affairs
                        
                        Category General