ပြည်မတ်ပဲဈေးအေးသလို အရောင်းအဝယ်လည်း အေးခဲ့

ပည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လိုအားရှိသော မတ်ပဲနှင့်ပဲစင်းငုံ သီးနှံအနက် မတ်ပဲသီးနှံက သြဂုတ်လဆန်းအတွင်း ဈေးထပ်မံလျော့နည်းကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဇွန်လကုန်မှာ တစ်တင်း  ကျပ်ငါးသောင်းကျော် ရရှိခဲ့သော်လည်း သြဂုတ်လဆန်းရက်မှာတော့ ကျပ် ငါးသောင်းအောက်လျော့နည်းကျဆင်း ခဲ့လို့ တစ်တင်းကျပ် ၄၈၅၀ဝ သာရရှိခဲ့တဲ့အတွက် ရန်ကုန်ဝယ်လက်ဝယ်လိုအား ရှိသော်လည်း ထုတ်ရောင်းချသူနည်းခဲ့လို့ အရောင်းအဝယ် အနည်းငယ်အေးခဲ့တယ် လို့ သိရပါ တယ်။ ပဲဝင်ရောက်မှုလည်း သိပ်မရှိခဲ့ဘဲ လက်ကျန်ပဲအချို့နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်နှစ်က သြဂုတ်လဆန်း ရက်မှာ တစ်တင်း ကျပ် ၄၁၀ဝ၀ သာရရှိပြီး လလယ်မှစ၍ ပဲဈေးများ ပြန်လည်မြင့်တက်ခဲ့လို့ လကုန် မှာ ကျပ်ငါးသောင်းနီးပါးအထိ ရရှိခဲ့တဲ့အတွက် ယခုနှစ်မှာလည်း လဆန်းရက်မှာ ဈေးအေးပေမယ့် နောက်ပိုင်းကာလများမှာ  ဈေးကောင်းလာမလား စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။                                                                                                             ခင်ဆွေဝင်း
 

Agency Ministry of Foreign Affairs
Category General