-ဇူလိုင်လအတွင်း ဆန်ရော ဆန်ကွဲပါတင်ပို့မှုလျော့

ဇူလိုင်နောက်ဆုံးပတ်မှာ ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၇၁ သန်းတန်ဖိုးရှိ ဆန် ၁၃၃၃၁ တန်ကို တင်ပို့ ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၃၅၅၈ တန်၊ ဧည့်မထ ဆန် တန် ၁၀ဝ၀၊ ချင်း ရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် တန် ၁၅၃၀ နဲ့ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ    ငစိန်ဆန် ၇၂၄၃ တန် တင်ပို့ခဲ့ပါတယ်။
ဇူလိုင်တစ်လလုံးမှာတော့   အမေ ရိကန်ဒေါ်လာ  ၁၈ ဒသမ ၅၂၁ သန်း တန်ဖိုးရှိ ဆန် ၅၁၉၆၄ တန် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဇွန်လတင်ပို့မှုထက် ၆၅၄၈ တန် လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လ အတွင်း ဆန် ကွဲတင်ပို့မှုမှာ  အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၈၂ သန်း၊  တန်ချိန် ၃၉၄၅ တန်ရှိပြီး   ဇွန်လတင်ပို့မှုထက် ၇၅၁၈ တန် လျော့နည်းခဲ့ပါတယ်။
ပင်လယ်ရေကြောင်း   တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ   ၃ ဒသမ ၆၅၀ သန်း တန်ဖိုးရှိ   ဆန်ဖြူနဲ့ ပေါင်းဆန် ၁၁၆၃၃ တန်ကို  ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်အတွင်းမှာ   ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံသို့ ဧည့် မထဆန် ၁၀ဝ၅၀ တန်၊ တရုတ်နိုင်ငံသို့  ငစိန်ဆန် ၇၅ တန်နဲ့ အီးယူနိုင်ငံများသို့ ဧည့်မထဆန် ၁၂၀၈ တန်၊ ငစိန်ဆန် တန် ၂၀ဝ နဲ့  ပေါင်းဆန်တန် ၁၀ဝ တင် ပို့ခဲ့ပါတယ်။  ဇူလိုင်လ တစ်လလုံးမှာ တော့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၂၄ သန်း   တန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်း ဆန် ၁၆၉၀၃  တန်တင်ပို့ခဲ့ပြီး အနီးစပ် ဆုံးဇွန်လထက်   ၁၀၉၂၄ တန် လျော့ နည်းခဲ့ပါတယ်။
ဇူလိုင်နောက်ဆုံးပတ်မှာ   အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၇၆၉ သန်း တန်ဖိုးရှိ  ဆန်ကွဲတန်ချိန် ၆၄၇၁ တန် တင်ပို့ခဲ့ပါတယ်။ ဇူလိုင် တစ်လလုံးမှာ အမေရိကန်ဒေါ်လာ   ၆ ဒသမ ၅၈၇ သန်းတန်ဖိုးရှိ ဆန်ကွဲ ၂၃၈၇၁ တန် တင်ပို့ခဲ့ပြီး ဇွန်လတင်ပို့မှုနဲ့  နှိုင်းယှဉ် ပါက ၁၂၂၅ တန် လျော့ နည်းခဲ့ပါတယ်။
ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General