Re-export နဲ့ဘယ်လိုကုန်သွယ်ကြမလဲ

Re-export စနစ်အတွက် မှတ်ပုံတင်ကြေး အဖြစ် ကျပ် ငါးသောင်း (၅၀ဝ၀ဝ ကျပ်)သတ်မှတ်ထားပြီး မှတ်ပုံတင်သက် တမ်းမှာ တစ်နှစ်ဖြစ်ပါတယ်။ မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့် မြောက်ပြီး ထပ်မံသက် တမ်းတိုးလို ပါက တစ်နှစ်စာအတွက် ကျပ်ငါးသောင်း (ကျပ် ၅၀ဝ၀ဝ)ပေးသွင်းရမှာဖြစ်ပါ တယ်။ Re-export စနစ်နဲ့ကုန်သွယ်မှု ပြုနေတဲ့ ကုမ္ပဏီရဲ့အမည်၊ လိပ်စာနဲ့ ဒါရိုက်တာအဖွဲ့ဝင် စတဲ့ ကုမ္ပဏီနဲ့ ပတ်သက်သမျှ ကို ပြင်ဆင်လိုတယ် ဆိုရင်တော့ ပြင်ဆင်ချက်တစ်ချက်အတွက် ကျပ်တစ်ထောင်(ကျပ် ၁၀ဝ၀)ဖြစ်ပါတယ်။ ဒါ့အပြင် Re-export စနစ်နဲ့ ကုန်သွယ်မှုပြုဖို့ ထုတ်ပေး ထားတဲ့ မှတ်ပုံတင်ကတ်ပြား ပျောက်ဆုံးသည်ဖြစ်စေ၊ ပျက်စီး သည်ဖြစ်စေ အသ စ်ပြန် လည် လျှောက်ထားနိုင်ပါတယ်။ အဲဒီလိုလျှောက်ထားရာမှာ မိတ္တူ မှန်ကို ထုတ်ပေးမှာဖြစ်ပါ တယ်။ မိတ္တူ မှန်ရရှိဖို့အတွက် ပျောက်ဆုံးကြောင်း သတင်းစာ ကြော်ငြာမူရင်းနဲ့ ရပ်ကွက်/ ရဲစခန်း ထောက်ခံချက်တို ့နဲ့ လျှော က်ထားရမှာဖြစ်ပါတယ်။ လိုင်စင်ဘယ်လိုလျှောက်ကြမလဲ ??? Re-export လိုင်စင်လျှောက်ထားရာမှာ ကုမ္ပဏီအသစ် တွေ၊ ထပ်မံလျှောက်ထားသူတွေ အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ စိစစ်ရေး အဖွဲ့ထံ ပထမဦးစွာ လျှောက်ထားရမှာဖြစ်ပါတယ်။ Re-export စနစ်အတွက် သွင်းကုန်/ပို့ကုန်လိုင်စင် လျှောက်ထားရာမှာ ပူးတွဲတင်ပြရမယ့် စာရွက်စာတမ်းများကို စိစစ်ရေးအဖွဲ့က စိစစ်ပြီး ခွင့်ပြုပေးသွား မှာဖြစ်ပါ တယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် - (၁) ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ (၂) Sale Contract & Invoice (၃) တင်သွင်းခြင်း/ တင်ပို့ခြင်းဆိုင်ရာ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် (၄) တင်သွင်းမည့် ကုမ္ပဏီနိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထား သည့် ဘဏ်စာအုပ်၏ နိုင်ငံခြားငွေ လက်ကျန်သည် တင်သွင်းမည့် ကုန်ပစ္စည်းတန်ဖိုး၏အနည်းဆုံး၂၀ရာခိုင်နှုန်းရှိရမည်။ (Re-export တင်သွင်း^ တင်ပို့ခြင်း ကို တတိယအကြိမ်လျှောက်ထားခြင်းဖြစ်ပါကအနည်းဆုံး ပထမအကြိမ်အတွက် ဘဏ်ဝင်ငွေစာရင်း တင်ပြနိုင်ရမည်။) (၅) Re-export နည်းလမ်းဖြင့် တင်သွင်းခြင်း^ တင်ပို့ခြင်း ဆောင်ရွက်ရာတွင်သယ်ယူပို့ဆောင်မည့်လမ်းကြောင်း ဖော်ပြရမည်။ ဆက်လက်ဖော်ပြပါမည်

Agency Ministry of Foreign Affairs
Category General