ဘဏ္ဍာနှစ်စမှ ဇူလိုင် ၂၂ ရက်အထိ ကုန်သွယ်မှုပမာဏမှာအမေရိကန် ဒေါ်လာ ခုနစ်ထောင့်ခြောက်ရာ့ဆယ့်တစ်သန်းကျော်ရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ ဇူလိုင် ၁၆ ရက်မှ ၂၂ ရက် အထိ ရက်သတ္တပတ် အတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၃၄ ဒသမ ၉၁၁ သန်း၊ သွင်း ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၃ ဒသမ ၅၇၉ သန်းဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၃၈ ဒသမ ၄၉ သန်း ဆောင် ရွက်နိုင်ခဲ့ပါတယ်။ ကုန်သွယ်မှုလိုငွေမှာ အမေရိ ကန်ဒေါ်လာ ၆၈ ဒသမ ၆၆၈ သန်းဖြစ်ပြီး ချုပ်ပြီးအထည်နဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၄ ဒသမ ၉၁၁ သန်းဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၆၇ ဒသမ ၉၂၃ သန်းနဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းများ မှ ၆၆ ဒသမ ၉၈၈ သန်း တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ သွင်းကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ ၂၀၃ ဒသမ ၅၇၉ သန်းဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၄၆ ဒသမ ဝ၉၁ သန်းနဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ၅၇ ဒသမ ၄၈၈ သန်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၂ ရက်အထိမှာ ပို့ကုန်   အမေရိကန်ဒေါ်လာ ၃၁၀၆ ဒသမ ၂၉၇ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ   ၄၅၄၅ ဒသမ ၄၉၃ သန်း ဆောင်ရွက်ခဲ့ပြီး ကုန် သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၆၅၁ ဒသမ ၇၉၀ သန်းရှိပြီဖြစ်ပါတယ်။  (ကုန်သွယ်မှု လိုငွေကတော့ အမေရိကန် ဒေါ်လာ ၁၄၃၉ ဒသမ ၁၉၆ သန်း ဖြစ်ပါတယ်။ ) ယမန်နှစ် ကာလတူနဲ့ နှိုင်း ယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၃၉၄ သန်း ပိုမိုခဲ့ပြီး သွင်းကုန်ကတော့ အမေရိကန်ဒေါ်လာ ၆၃၈ ဒသမ ၄၅၅ သန်း လျော့နည်းခဲ့တဲ့အတွက် ကာလတူထက် အမေရိကန် ဒေါ်လာ ၆၂၈ ဒသမ ဝ၆၁ သန်းလျော့ နည်းဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ပို့ ကုန်ပိုမိုရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်း၊ အခြားပစ္စည်းတို့ တင်ပို့နိုင်ခဲ့လို့ ဖြစ်ပြီး သွင်းကုန်လျော့နည်းရခြင်းမှာ လုပ်ငန်း သုံးကုန်ကြမ်းပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်း ပိုမိုတင်သွင်းခဲ့သော် လည်း ရင်းနှီးမြှုပ်နှံမှုပစ္စည်း လျော့နည်းတင်သွင်းခဲ့လို့ ဖြစ်ပါ တယ်။                                                      
 

Agency Ministry of Foreign Affairs
Category General