-ပြည်ပဲမျိုးစုံဈေးကွက်ရဲ့ ဇူလိုင်လကုန်ပတ် ဈေးနှုန်းများအရပြည်တွင်းပြည်ပ ဝယ်လက်ပဲအားလုံးလိုလို ဈေးငြိမ်နေခဲ့

ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပြည်ပ ဝယ်လက် မတ်ပဲသီးနှံ ဈေးလျော့ အရောင်းအဝယ်ဖြစ်နေပြီး ပဲစင်းငုံသီးနှံ ယခင်တစ်ပတ်က ဈေးလျော့ခဲ့ပေမယ့် ယခုတစ် ပတ်မှာ ဈေးပြန်လည်လှုပ်လာသလို ကုလားပဲသီးနှံမှာ  ဈေး အမြင့်နဲ့ ဈေးဆက်ငြိမ်နေကာ ပဲကြီးသီးနှံကတော့ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။
ပဲဝင်ရောက်မှုအနေဖြင့် မတ်ပဲသီးနှံ၊ ကုလားပဲနဲ့ ပဲကြီး သီးနှံများ နေ့စဉ်အဝင်ရှိနေသလို အရောင်းအဝယ်ကလည်း ပုံမှန်ဖြစ်နေခဲ့ပါတယ်။ ကျန်ပဲများကတော့ ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲများအား   လက်လီသမားများနဲ့   ပုံမှန်အိတ် အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
မတ်ပဲသီးနှံမှာ တစ်ရက်ကို အိတ် ၂၀ဝ ကျော် ဝင် ရောက်ခဲ့ပြီး လက်ကျန်ပဲများလည်းရှိခဲ့တာကြောင့် ရန်ကုန် ဝယ်လက် ဝယ်လိုအားရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။ ယခုလကုန်ပတ်အတွင်း တစ်ရက် အိတ် ၄၀ဝ ကျော် ၅၀ဝ ရောင်းချတင်ပို့ခဲ့ပြီး ပဲဈေးကတော့ တစ်တင်း ၅၂၅၀ဝ ကျပ် ဖြင့် လဆန်းရက်က အရောင်းအဝယ်ဖြစ်ခဲ့သော  ဈေးအတိုင်း ဈေးပြန်အေးနေတယ်လို့ သိရပါတယ်။
ယခုလအတွင်း မတ်ပဲသီးနှံဈေးမှာ လလယ်က ဈေးပြန် လှုပ်လာလို့ တစ်တင်း ၅၆၀ဝ၀ ကျပ်ခန့်အထိ ပြန်လည် ရရှိ လာပေမယ့် လကုန်မှာ  ပဲဈေးက ဈေးအေးနေတာကြောင့် ယခင် ဇွန်လကုန်ဈေးထက်လည်း လျော့နည်းနေခဲ့ ပါတယ်။ ဇွန်လကုန်က မတ်ပဲသီးနှံဈေးမှာ တစ်တင်း ၅၇၅၀ဝ ကျပ် အထိရရှိပြီး   ဇူလိုင်လဆန်းတွင်   ဈေးလျော့နည်းသွားခဲ့ ကြောင်း သိရပါတယ်။ မတ်ပဲသီးနှံအား တချို့လှောင်လက်နှင့် တောင်သူတချို့က ပဲဈေးအေးနေလို့ ယခုလအတွင်း ထုတ် ရောင်းချမှုသိပ်မရှိဘဲ ဈေးကောင်းဆက်မျှော်ကာ လက်ဝယ် သိုလှောင်ထားရှိခဲ့ကြပါတယ်။   ယခင်နှစ်က ဇူလိုင်လကုန် အတွင်း မတ်ပဲဈေးမှာ  တစ်တင်း  ၄၁၅၀ဝ ကျပ် ရရှိခဲ့တဲ့ အတွက် ယခုနှစ်ဈေးမှာ ယခင်နှစ်ကထက် ပိုမိုရရှိနေပေမယ့် ပဲသစ်ပေါ်စအချိန်ကဈေးထက် ဈေးသိသိသာသာ ပိုကောင်း မလာတာကို တွေ့ရပါတယ်။
ပဲစင်းငုံသီးနှံမှာ မတ်ပဲသီးနှံကဲ့သို့ ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲ အနည်းငယ်ရှိနေလို့  ရက်ခြားသာ ရန်ကုန်ဝယ် လက်မှ ဝယ်ယူခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုပမာဏမှာ တစ်ခါ အရောင်းအဝယ်ဖြစ်လျှင် အိတ်၂၀ဝ၊ ၃၀ဝ ကျော် ဝယ်ယူခဲ့ကြ ပါတယ်။ ပဲဈေးမှာ တစ်တင်း ၄၄၅၀ဝ ကျပ်ဖြင့် ယခင်တစ်ပတ် ကထက် ဈေးလျော့နည်းနေခဲ့ကာ တစ်တင်း ၅၀ဝ ကျပ်ခန့်သာ ဈေးပိုရလာခဲ့ပါတယ်။  ယခုဇူလိုင်လအတွင်း လဆန်းရက်မှစ၍ လလယ်အထိပဲဈေးမှာ တစ်တင်း ၄၉၃၀ဝ ကျပ်အထိ ဈေး ကောင်းနေသော်လည်း တတိယပတ်မှစ၍ ပြည်ပဝယ်လက်ပဲ များ ဈေးလျော့နည်းလာခဲ့တဲ့အတွက်  ပဲစင်းငုံသီးနှံလည်း ဈေးလျော့သွားခဲ့ပါတယ်။
ကုလားပဲသီးနှံမှာ    တစ်ရက်   အိတ် ၁၅၀ ကျော်၊ ရွှေတောင်၊ ကျီးသဲ၊ မင်းတုန်း၊ ကံမဘက်မှ နေ့စဉ်ဝင်ရောက်နေ သလို ခွဲစက်သမားများ နေ့တိုင်းအဝယ်ရှိလို့  တစ်ရက် အိတ် ၂၅၀ ကျော် ၃၀ဝ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲဈေးမှာ တစ် တင်း ၄၂၈၀ဝ ကျပ်ဖြင့် ရောင်းချခဲ့ကြတာကို တွေ့ရပါတယ်။ ကုလားပဲဈေးက ဒေသတွင်းသာ အရောင်းအဝယ် ဖြစ်မှုများ ပေမယ့် ယခုလအတွင်း ပြည်ပဝယ်လက် မတ်ပဲ၊ ပဲစင်းငုံ သီးနှံ ဈေးများ အေးနေသော်လည်း ကုလားပဲသီးနှံကတော့ ဈေးမြင့် တက်လာခဲ့ပါတယ်။ ပြည်တွင်းဝယ်လက် ပဲများထဲမှာတော့ ကုလားပဲသီးနှံက ဈေးကောင်းရတဲ့နှစ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။
ပဲကြီးသီးနှံမှာ  ပဲအဝင်နည်းပေမယ့် လက်ကျန်ပဲများ ထုတ်ရောင်းချခဲ့ကြလို့  အိတ် ၁၅၀ ကျော် ၂၀ဝ  အရောင်း အဝယ်ဖြစ်ပြီး  ပဲလှော်ဖိုသမားများ  နေ့စဉ် ဝယ်ယူခဲ့ကြပါ တယ်။ ပဲဈေးမှာ ယခုလအတွင်း ဈေးအတက်အကျ မဖြစ်ခဲ့ဘဲ ဈေးငြိမ်လျက်ရှိတာကြောင့် (ရွှေကျွန်း) တစ်တင်း ၂၈၅၀ဝ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၅၅၀ဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိခဲ့ကာ ယခင်နှစ်က ဇူလိုင်လဈေးနှင့်လည်း ကွာ ခြားမှု မရှိခဲ့ဘူးလို့ သိရပါတယ်။               ခင်ဆွေဝင်း
 

Agency Ministry of Foreign Affairs
Category General