မုံရွာဆီထွက်သီးနှံဈေးကွက် နှမ်းဈေးမော့လာ

မုံရွာကုန်စည်ဒိုင်  ဇူလိုင်လ စတုတ္ထပတ်  ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲ ဆန်ဈေးငြိမ်နေပြီး  နှမ်းမျိုးစုံကတော့ ဈေးမြင့်တက်ခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တစ်တင်း ကျပ် ၂၅၀ဝ၀ သာရှိခဲ့တဲ့  နှမ်းညိုဟာ  ယခုတစ်ပတ်မှာ ကျပ် ၂၆၅၀ဝ အထိမြင့်တက်လာခဲ့ပြီး နှမ်းဖြူမှာလည်း  ယခင်တစ်ပတ်က  တစ်တင်း ကျပ် ၃၀ဝ၀ဝ အမြင့်ဆုံးပေါက်ခဲ့ရာက  ယခုကျပ် ၃၃၀ဝ၀ အထိဈေးမော့လာတာတွေ့ ရပါတယ်။ နှမ်းနက်ကတော့ တစ်တင်းအမြင့်ဆုံး ကျပ် ၅၀ဝ၀ဝ အထိဈေးပြန် မော့လာခဲ့တာတွေ့ရပါတယ်။
ယခုတစ်ပတ် မြေပဲဆန်ဈေးကွက်မှာ ဈေးဆက်ငြိမ်ခဲ့ကာ မြေပဲလုံးဆန် (နီ) တစ်ပိဿာကျပ် ၂၆၅၀ ၊ လုံးဆန်(ဖြူ)  တစ်ပိဿာ ကျပ် ၂၆၀ဝ နဲ့  ဆီဆန် တစ် ပိဿာ ကျပ် ၂၀၅၀ အသီးသီး အမြင့်ဆုံးဈေးပေါက်ခဲ့ပါတယ်။
မြေပဲနဲ့နှမ်းမျိုးစုံ ဈေးငြိမ်၊  ဈေးမော့ဖြစ်ခဲ့ပေမယ့်  စားသုံးဆီဈေးကတော့ ပဲဆီ တစ်ပိဿာ ကျပ် ၄၄၀ဝ၊ နှမ်းဆီတစ်ပိဿာ ကျပ် ၃၃၀ဝ နဲ့ စားသုံးဆီတစ်ပိဿာ ကျပ် ၂၆၅၀ အသီးသီးပေါက်ဈေးအေးလျက်ရှိတယ်လို့ မုံရွာကုန်စည်ဒိုင် ဈေးကွက် မှ လေ့လာသိရှိရပါတယ်။                 ထွန်းလှိုင်-မုံရွာ
 

Agency Ministry of Foreign Affairs
Category General