မူဆယ်ရော မြဝတီကပါ ကြက်သွန်နီ ပိုမိုတင်ပို့

ဇူလိုင်လ  တတိယပတ်တွင်  မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ  အမေရိကန်ဒေါ်လာ ၆၈၀ဝ၅၄ တန်ဖိုးရှိ ကြက်သွန်နီ ၂၇၁၇ တန်ခွဲ၊  မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီကုန်သွယ်ရေးဇုန်မှ   အမေရိကန်ဒေါ်လာ ၁၅၀၇၈၄ တန်ဖိုးရှိ  ကြက်သွန်နီ ၄၄၈ တန်ခွဲနဲ့  တာချီလိတ်ကုန်သွယ်ရေးမှ အမေ ရိကန်ဒေါ်လာ ၂၅၀ဝ၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀ဝ တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မူဆယ်မှတန် ၁၈၅၀ နဲ့  မြဝတီမှ တန် ၂၀ဝ ကျော်သာ တင်ပို့နိုင် ခဲ့လို့  ယခုတစ်ပတ် ကြက်သွန်နီတင်ပို့မှုမှာ  မူဆယ်ရောမြဝတီမှပါ ပိုမိုတင်ပို့ လာခဲ့ ပါတယ်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၃၂၄၀၅ တန်ဖိုးရှိ ကြက်သွန်ဖြူ ၁၄၅ တန်ကို ပုံမှန်တင်ပို့ခဲ့ပါတယ်။
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံထွက် ကြက်သွန်နီများကို  တရုတ်နဲ့ ထိုင်း နိုင်ငံများသို့  နယ်စပ်လမ်းကြောင်းမှ တန်ချိန် တစ်သောင်းရှစ်ထောင်ခန့် တင်ပို့ထား ပြီး မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ  တန်ချိန်တစ်သောင်း တင်ပို့ထားကြောင်း  မြန်မာနိုင်ငံ  စားဖိုဆောင်သုံး စားသောက်ကုန်အသင်းမှ သိရ ပါတယ်။
 

Agency Ministry of Foreign Affairs
Category General