ပြည်တွင်းစတော့ရှယ်ယာဈေးများ ကျဆင်းပြီးမှ ပြန်လည်မြင့်တက်
ယခုတစ်ပတ်အတွင်း အစုရှယ် ယာဈေးနှုန်းများသည် ကျဆင်းခဲ့ပြီးမှ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။
Brexit ဂယက်ကြောင့် ပြည်တွင်း စတော့ရှယ်ယာဈေးများ လိုက်ပါကျ ဆင်းခဲ့သော်လည်း ဈေးကျဆင်းမှုကြောင့် အဝယ်ပြန်လိုက်လာခဲ့သဖြင့် ဈေးပြန် လည် မြင့်တက်လာရခြင်းဖြစ်သည်ဟု ဆိုသည်။
''စတော့ဈေးကွက်ကတော့ ဒီလို ပါပဲ။ အတက်အကျက အမြဲလိုလိုရှိ တတ်ပါတယ်။ အတက်အကျ မမြန်ဖို့ နဲ့ မများဖို့ပဲလိုပါတယ်။ ဒီတစ်ပတ်ထဲမှာ လည်း ဈေးကျသွားတယ်ဆိုတာက ကမ္ဘာ့စတော့ဈေးကွက်
မှာ ဈေးကျဆင်း မယ်ဆိုတဲ့သတင်းကြောင့် ဒီမှာလည်း ဈေးလိုက်ပါ
ကျဆင်းရတာပါ။ ဒါပေ မယ့်လည်း ဈေးကျသွားတဲ့တွက် ပြန် ပြီး အဝယ်လိုက်လာတော့ သူ့ရဲ့မူလ ဈေးကို ပြန်ရောက်သွားပါတယ်''ဟု စတော့ဈေးကွက် ကျွမ်းကျင်သူတစ်ဦး က ပြောသည်။
ဇွန်လ ၂၇ ရက်ကFMI ရှယ်ယာ ဈေးနှုန်းသည် ကျပ် ၂၄၀ဝ၀ ရှိခဲ့သော် လည်း ဇွန် ၂၈ ရက်တွင် ကျပ် ၂၀ဝ၀ဝ သို့ ကျဆင်းသွားခဲ့သည်။ သို့သော် ဇွန် ၃၀ ရက်နှင့်ဇူလိုင် ၁ ရက်တို့တွင် ဈေး ပြန်လည်မြင့်တက်ခဲ့
ကာ ကျပ် ၂၂၀ဝ၀ သို့ ရောက်ရှိခဲ့သည်။
MTSH ရှယ်ယာဈေးနှုန်းများ သည် ဇွန် ၂၇ ရက်က ကျပ် ၅၀ဝ၀ဝ ရှိခဲ့သော်လည်း ဇွန် ၂၈ရက်ညနေပိုင်း တွင်ကျပ် ၄၇၀ဝ၀သို့ ကျဆင်းသွားခဲ့ သည်။ သို့သော် ဇူလိုင် ၁ရက်တွင်ကျပ် ၅၀ဝ၀ဝ သို့ ပြန်လည်ရောက်
ရှိခဲ့သည်။
Agency Ministry of Foreign Affairs
Category General