ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့ နယ်မှ ကော်ဖီများအားနိုင်ငံခြားသို့ တင်ပို့
 
                                                    
                ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ်၊ ဗထူးခန်းမ တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ကော်ဖီအရည် အသွေး အကဲဖြတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ေ ကာ်ဖီ အရည်အသွေး အကဲဖြတ်ပြိုင်ပွဲ ကို အမေရိကန်ပြည်ထောင်စု နိုင်ငံတ ကာ ဖွံ့ဖြိုးတိုးတက် ရေး အေဂျင်စီ USAID ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေ သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန် စည်တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း၏ကူညီမှုအရ မြန်မာ နိုင်ငံကော်ဖီ အသင်းမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ယခုနှစ်ပါဝင်ယှဉ်ပြိုင်သော ကော်ဖီနမူနာ၆၀တွင် ၅၆ခု မှာ အထူးတန်းဝင် ကော်ဖီအဖြစ် အရည်အသွေးမီသည်ဟု သတ်မှတ်ခံခဲ့ရပါသည်။ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရ ကော်ဖီပညာရှင်များက အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ပေးလိုက်ခြင်းသည် အကျိုး အမြတ်များသော ကမ္ဘာ့အထူးတန်းဝင်ကော်ဖီဈေးကွက်တွင် တောင်သူများ အထူး တန်းဈေးရရှိရန် အရေးပါသော အရည်အသွေး ဖော်ပြချက်မှတ်တိုင်တစ်ခုသို့ ရောက်ရှိခြင်းဖြစ်ပါသည်။ ကော်ဖီအရည်အသွေး အကဲဖြတ်ပြိုင်ပွဲအပြီးတွင် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ရန် ဆုရတောင်သူ များထံမှ ကော်ဖီ ၁၀တန်နှင့် ဆုရစီးပွားဖြစ် ကော်ဖီခြံများထံမှ ကော်ဖီ၂၆ တန်ကို ဝါရှင်တန်ပြည် နယ် Seattle အခြေစိုက် သွင်းကုန်ကုမ္ပဏီတစ်ခုက ဝယ်ယူခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီလို အရည်အသွေးပိုမို မြင့်မားလာသော ကော်ဖီများအ တွက် ဈေးနှုန်းမှာ ပြည်တွင်းဈေးကွက်တွင် ရရှိနိုင်သော ပျမ်းမျှဈေးနှုန်းထက် သုံးဆနီးပါး ပိုမို ရရှိခဲ့ပြီး ဒေသခံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် လည်း ယခင်နှစ်က ကော်ဖီတစ်ပိဿာ ကျပ် ၃၀ဝ-၃၅၀မှ ယခုနှစ်ခူးဆွတ် ရောင်းချရာတွင် တစ်ပိသာကျပ် ၇၀ဝ အထိရရှိသဖြင့် တောင်သူများ ဝင်ငွေပိုမိုရရှိလျက်ရှိ ကြောင်း တင်ပြလိုက်ရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
