ပရဆေးကုန်ကြမ်း အမယ်စုံတင်ပို့
 
                                                    
                မန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၁ ရက်မှ ၁၇ ရက်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၇၇၂ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၁၃ တန် ခွဲကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ဆေး မြင်းခွာ၊ မာလာဥ၊ မာလာဥခေါင်း၊ စမုံနက်၊ တောဂျင်း၊ ဂျင်းခြောက်၊ ဝဥ ခြောက်၊ ဖန်ခါးသီးခြောက်၊ ချဉ်ပေါင် ဖာလာ၊ ကြောင်လျာစေ့၊ နေလဲစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းခေါင်း၊ ေ တာင်လုံးကျော်၊ ဆီးဆန်၊ ကွမ်းစား ဂမုန်းနဲ့ ဒရင်ကောက်မြစ်တို့ဖြစ်ပါ တယ်။ ယခင်တစ်ပတ်က ၅၅၆ တန်သာ တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ပရဆေး ၅၇ တန်ခွဲ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှ ထွက်ရှိ တဲ့ပရဆေးကုန်ကြမ်းတွေကို တရုတ် နိုင်ငံမှာ လိုအပ်သလို အသုံးပြုကြရာ ဝဥကိုဆေးဝါးနဲ့ စားသောက်ကုန်လုပ်ငန်းမှာ လည်းကောင်း၊ မိကျောင်းကွမ်း ဖတ်စေ့ကို တရုတ်တိုင်းရင်းဆေး ဖော် စပ်ရာမှာလည်းကောင်း၊ ချဉ်ပေါင် ဖာလာကို ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆေး ဖော်စပ်ရာမှာလည်းကောင်း၊ ဆီဆန်ကို အိမ်သုံးဆေးနဲ့ နှလုံးရောဂါအတွက် ပဋိဇီဝဆေးဖော်စပ်တဲ့နေရာမှာ ကုန်ကြမ်းအနေနဲ့လည်းကောင်း အသီးသီး ထည့်သွင်းအသုံးပြုကြတာလို့ သိရပါတယ်။ ပရဆေးကုန်ကြမ်းကို ပြည်ပသို့ တင်ပို့သလို ပြည်ပမှလည်း တင် သွင်း နေတာတွေ့ရပါတယ်။ မြန်မာ - အိန္ဒိယ နယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆၈၁၆၅ တန်ဖိုးရှိ တောင်လုံးကျော် သုံး တန် ခွဲနဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၈၀ဝ၀ တန်ဖိုးရှိ တောင်လုံးကျော် တန်ဝက်ခန့် တင်သွင်းခဲ့ပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
