ရှမ်းချင်းအဟောင်းလက်ကျန်တွေ များနေသော်လည်း ချင်းသစ် တွေတစ်လစောပြီး ဈေးကွက်သို့ဝင်
 
                                                    
                ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်က မိုးစောစောရွာလို့ ချင်းဥမတွေလည်း စောစောဖော်လို့ရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်သို့ ချင်း(ဥမ) အ သစ် တွေစပြီးဝင်လာပြီလို့ သိရပါတယ်။ ချင်း(ဥမ) တွေက ဇူလိုင်မှ သာစပြီးဝင်ရမှာဖြစ် ပေမယ့် ဒီနှစ်က မိုးစောလို့ တစ်လစောပြီး ဝင်လာတာဖြစ် တယ်လို့ သိရပါတယ်။ စပြီးဝင်ကာစဖြစ်လို့ အဝင်ကတော့သိပ်ပြီးမများသေးပါဘူး၊ အဟောင်းလက်ကျန် တွေကလည်း များနေသေးလို့ ဈေးကွက်မှော တာ့ အဟောင်းတွေသာ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း ဈေးကွက်မှသိရပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်သာရှိနေပြီး ဈေးပတ် သမားေ တွသာ အဝယ်ရှိနေပါတယ်။ ချင်းထိုးသမား တွေသာ အဝယ်များနေပြီး တစ်ရက်ကို ပိဿာ ချိန် ၆၀ဝ မှ ၈၀ဝ ခန့် ရောင်းရတယ်လို့ဆိုပါတယ်။ အဓိက ဝယ်လက်တွေကတော့ ရန်ကုန်၊ တပ်ကုန်း၊ စစ်တွေ၊ ပြည်စတဲ့မြို့တွေမှဖြစ်ပါတယ်။ ချင်းထိုးဖို့အတွက် ပယ်ချင်းလို့ခေါ်တဲ့ညံ့စတွေကို ပိုပြီးဝယ်ယူကြတယ်လို့လည်း သိရပါတယ်။ ဒီနှစ်တစ်နှစ်လုံးလည်းချင်းကို ပြည်ပဝယ်လက်က မဝယ်တာကြောင့် လက်ကျန်ချင်းတွေလည်း များပါတယ်။ ချင်း(ဥမ) တွေပေါ် လာရင် ပစ္စည်းလက်ကျန်က ယခုထက်များလာနိုင်တာကြောင့် ချင်းစိုက်တောင်သူရော၊ ချင်းပွဲရုံတွေကပါ ပြည်ပဝယ်လက်ကို မျှော်နေကြပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းတစ်ပိဿာ ပေါက်ဈေးမှာ ချင်း(ဥမ)အသစ် အနိမ့်ဆုံးကျပ် ၃၅၀ မှ အမြင့်ဆုံးကျပ် ၄၀ဝ ရှိပြီး၊ ချင်းဟောင်းကတော့ အနိမ့်ဆုံးကျပ် ၂၀ဝ မှ အမြင့်ဆုံးကျပ် ၅၀ဝ ဈေးရှိပါတယ်။ တစ်ပတ် အတွင်းချင်း(စို) ပိဿာ ချိန်ပေါင်း တစ်သိန်းနှစ်သောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ ချင်း ခြောက်တစ်ပိဿာ လျှင် ကျပ် ၁၅၀ဝ မှ ကျပ် ၁၇၀ဝ ဈေးရှိပြီး အရောင်းအဝယ်အေး နေတယ်လို့သိရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
