မြန်မာ့ပျားရည် ပြည်ပဈေးကွက်သို့ တင်ပို့
 
                                                    
                ပျားမွေးမြူးရေးလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့တွင်အများဆုံး လုပ်ကိုင်လျက် ရှိကြောင်း၊ မြန်မာ့ပျား ရည်ကို ပြည်တွင်းသုံးစွဲမှုထက် ပြည်ပဈေး ကွက်သို့ ပိုမိုတင်ပို့နေရကြောင်း၊ ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါးအဖြစ်သာ အဓိက ထား အသုံးပြုကြပြီး ပြည်ပနိုင်ငံများမှာ သကြားအစား ပျားရည်စားသုံးခြင်းနဲ့ အအေးပိုင်းနိုင်ငံတွေမှာ ပျားရည်ကို အဓိကထားပြီး သုံးစွဲမှုများနေ တာကြောင့် ပြည်ပဈေးကွက်သို့ ယခုလိုတင်ပို့နေရတာ ဖြစ်ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇွန် ၁ ရက်မှ ၁၅ ရက်တာသီတင်းပတ်တွင် ကန်ဒေါ်လာ ၂၅၅၅၀ တန်ဖိုးရှိ ပျားရည် ၃၆ တန်ခွဲတင်ပို့နိုင်ခဲ့ပြီး ပျားရည်တစ်တန်ကိုလိုင်စင်ဈေး အမေရိကန် ေ ဒါ်လာ ၇၀ဝ ရှိတယ်လို့ သိရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
