ပြည်တွင်းရွှေဈေး ကျပ်ရှစ်သိန်းကျော်အထိ မြင့်တက်
 
                                                    
                
	ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးသည် ကျပ်ရှစ်သိန်းကျော်အထိမြင့် တက်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး မြင့် တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေ ဈေး မြင့်တက်လာရခြင်းမှာ အမေရိကန်
	ဗဟိုဘဏ်၏ အတိုးနှုန်းများ မတိုး၍ဖြစ်ကြောင်း၊ ရွှေဈေးတက်မတက်မှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းပေါ်တွင် မူတည်နေကြောင်း ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ "ကမ္ဘာ့ရွှေဈေး မြင့်တက်လာလို့ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေး
	က အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်းပေါ်မှာ မူတည်ပါတယ်။ ဗဟိုဘဏ်ရဲ့အတိုးနှုန်းမတိုးတော့ဘူးဆိုရင် ရွှေဈေးက မြင့် တက်လာနိုင်ပါတယ်။ အခုဆိုရင်နှစ်နှစ်အတွင်း အမြင့်ဆုံးဈေးကိုရောက်လာခဲ့တာပါ။ ကမ္ဘာ့ ေ ရွှဈေးက ဒီတစ်ပတ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၃၀ဝ အထိ
	 မြင့်တက်လာတယ်။ ဒီလိုမြင့်တက်လာတာဟာ ပြန်ကျဖို့အလားအလာတွေ အများကြီးရှိလာပြီ။ ပြည်တွင်းဈေးကွက်မှာတော့ ဈေးမြင့်တက်လာတဲ့အတွက် ပြန်ရောင်းတဲ့သူတွေ များလာတယ်"ဟု ရွှေကုန်သည် ဦးစံမြင့်က ပြောကြားခဲ့ သည်။ ြ ပည်တွင်းရွှေဈေးသည် ဇွန် ၁၄ ရက်က
	 ကျပ် ၇၉၇၀ဝ၀ ရှိခဲ့ ရာမှ ဇွန် ၁၆ ရက်တွင် ကျပ် ၈၀၉၀ဝ၀ သို့ မြင့်တက်ခဲ့ပြီး ဇွန် ၁၇ ရက်တွင် ကျပ် ၈၀၄၀ဝ၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန် ၁၃ ရက်တွင် ၁၂၇၄ ဒေါ်လာရှိခဲ့ရာမှ ဇွန် ၁၆ရက်တွင် ၁၃၀ဝ ဒေါ်လာသို ့မြင့်တက် ခဲ့ပြီး ဇွန် ၁၇ ရက်တွင် ၁၂၈၀
	 ဒေါ်လာသို့ ကျဆင်းခဲ့သည်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
