လုပ်ထုံးလုပ်နည်း

ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်ပို့ခွင့်ထောက်ခံချက်လက်မှတ်ရရှိရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ

Last Updated: 2022-06-17 04:59:28

Summary
ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်ပို့ခွင့်ထောက်ခံချက်လက်မှတ်ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတွင် လျှောက်ထားခြင်း။
Description

စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်ပို့ခွင့်ထောက်ခံချက်လက်မှတ်ရရှိရန်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ  

အဆင့်(၁)
တင်ပို့လိုသည့်ပိုးသတ်ဆေးနမူနာကို သီးနှံကာကွယ်ရေးဌာနခွဲ၏ ဓာတ်ခွဲစမ်းသပ်ဌာနသို့ ပေးပို့ရမည်ဖြစ်သည်။ လိုအပ်ပါက ဌာနမှစက်ရုံသို့ သွားရောက်စစ်ဆေးမည်ဖြစ်ပါသည်။
အဆင့်(၂)
ဌာနမှပေးပို့ထားသောနမူနာအား ပိုးသတ်ဆေးဖော်စပ်ပုံ၊ အရည်အသွေး၊  အညွှန်းစာမှန်ကန်မှုရှိ/ မရှိဓာတ်ခွဲစစ်ဆေးဌာနမှ စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ ဌာနမှစမ်းခွဲသပ်စစ်ဆေးမှုအဖြေအား ထုတ်ပေးမည်ဖြစ်သည်။ စမ်းသပ်မှုမပြည့်မှီသော လျှောက်လွှာရှင်များအား အကျိုးအကြောင်းနှင့်တကွ အကြောင်းကြားစာပေးပို့မည်။
အဆင့်(၃)
စမ်းသပ်မှုရလာဒ်အောင်မြင်သောလျှောက်လွှာရှင်များအား ပိုးသတ်ဆေးတင်ပို့ခွင့်ထောက်ခံချက်နှင့် ပိုးသတ်ဆေးအရည်အသွေးမှန်ကန်ကြောင်း ထောက်ခံချက်ထုတ်ပေးပါသည်။
အဆင့်(၄)
တင်ပို့ခွင့်ထောက်ခံချက်ရရှိသူသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်မှုဌာနတွင် တင်ပို့ခွင့်လိုင်စင်ကိုဆက်လက်လျှောက်ထားနိုင်ပါသည်။ တင်ပို့ခွင့်ထောက်ခံ ချက်နှင့်အတူစျေး နှုန်းထောက်ခံချက်အား ပူးတွဲထုတ်ပေးပါသည်။ အထက်ပါအဆင့်ထိ လိုအပ်ချက်များပြည့်စုံမှန်ကန်ပါက ရုံးဖွင့်ရက် (၅) ရက်အတွင်းပြီးစီးနိုင်ပါသည်။

Source: https://myanmartradeportal.gov.mm/my/procedure/58