လုပ်ထုံးလုပ်နည်း

ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများအား မှတ်ပုံတင်ခြင်း

Last Updated: 2018-09-11 09:52:48

Summary
ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများအား မှတ်ပုံတင်ခြင်း ကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တွင် လျှောက်ထားခြင်း
Description

စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများအား မှတ်ပုံတင်ခြင်း ကိုလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ

 

ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းကို ပြည်တွင်းရှိ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များတွင် သုံးစွဲရန်အတွက် တင်သွင်း လိုသည့်မည့်သည့်ကုမ္ပဏီမဆို (ပြည်တွင်း ၊ ပြည်ပကုမ္ပဏီ) သည် မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ တွင် မှတ်ပုံတင်ရမည်။ လျှောက်ထားသူသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတွင် ပုံစံလျှောက်လွှာကိုရယူ၍၊ အခြားပူးတွဲပါစာရွက် စာတမ်းနှင့်တကွ တင်ပြရမည်။

အဆင့်(၁)

ပုံစံကိုရယူဖြည့်စွက်ပြီး လိုအပ်သည့် အခကြေးငွေကိုပေးဆောင်ရမည်။

ပူးတွဲပါစာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ပြည့်စုံမှန်ကန်စွာဖြည့်စွက်ထားသော လျှောက်လွှာ
  • ပိုးသတ်ဆေးမှတ်ပုံတင်ရရှိထားသည့် ပိုးသတ်ဆေးထုတ်လုပ်သူထံမှ သက်ဆိုင်ရာ တင်ပို့ခွင့်၊ တင်သွင်းခွင့်၊ ဖြန့်ဖြူးရောင်းချခွင့် သဘောတူညီချက်။
  • ပိုးသတ်ဆေးဓါတ်ကြွင်းအချက်အလက်များ အပါအဝင် အမှတ်တံဆိပ်၊ ပါဝင်အဆိပ်၏ အကျိုးသက်ရောက် မှုများ၊ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများ၊ အသုံးပြုနည်း၊ ပါဝင်အချက်အလက်များ၏ သက်ရောက်မှု။
  • အခြားဘာသာရပ်နည်းပညာပိုင်းဆိုင်ရာအထောက်အထားစာရွက်များ
  • အင်္ဂလိပ်အညွှန်းနှင့်မြန်မာအညွှန်းစာ။
  • ဖော်စပ်ထားသောပိုးသတ်ဆေးနမူနာကို အရည်အသွေးစမ်းသပ်ရန်အတွက် လုံလောက်သောပမာဏကို ပေးပို့ခြင်း။
  • ၂၅ ဂရမ် ပမာဏရှိသော အဆိပ်ရှိပစ္စည်းပမာဏပါဝင်မှု သို့မဟုတ် ပါဝင်ပစ္စည်းများကို ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့သို့တင်ပြရမည်။

အဆင့်(၂)

တင်သွင်းလာသော လျှောက်လွှာများအား ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ တွဲဘက်အတွင်းရေးမှုးဌာနမှ တာဝန်ရှိသူ များက စစ်ဆေးမည်ဖြစ်ပြီးဖြစ်ပြီး အခြားသော သက်ဆိုင်ရာဌာနခွဲများသို့ ပေးပို့မည်ဖြစ်သည်။ ပြည့်စုံမှန်ကန်မှု မရှိသော လျှောက်လွှာ များအားလျှောက်လွှာရှင်ထံသို့ ပြန်လည်ပြင်ဆင်ရန်နှင့် ပြန်လည်လျှောက်ထားရန်အတွက် အကြောင်း ကြားစာပေးပို့ပါသည်။

အဆင့် (၃)

သက်ဆိုင်ရာဌာနမှ လျှောက်ထားသူ၏ ပေးပို့ထားသော ပိုးသတ်ဆေးများအားစမ်းသပ်စစ်ဆေးပြီး၊ ပါဝင်မှုများအား အညွှန်းစာနှင့်ကိုက်ညီမှု ရှိ/မရှိ ကိုတိုက်ဆိုင် စစ်ဆေးမည်ဖြစ်ပါသည်။ ကုမ္ပဏီများမှ ဓါတ်ခွဲစမ်းသပ်စစ်ဆေးခ ကျပ် ၃၀၀,၀၀၀ ကိုကျခံရမည်ဖြစ်သည်။ သီးနှံကာကွယ်ရေးဌာနခွဲအောက်ရှိ ဘာသာရပ်ဆိုင်ရာနည်းပညာအဖွဲ့မှ စာရွက်စာရွက်တမ်းများ၏ ပြည့်စုံမှန်ကန်မှုကိုလည်း စစ်ဆေးမည် ဖြစ်ပါသည်။

အဆင့် (၄)

စာရွက်စာတမ်းမှန်ကန်မှု၊ စမ်းသပ်စစ်ဆေးမှုရလာဒ်များအပေါ် အခြေခံ၍ ပြင်ပဘာသာရပ်ဆိုင်ရာအဖွဲ့မှ သုံးသပ်မှုအစည်း အဝေးကိုပြုလုပ်မည်ဖြစ်သည်။ အစည်းအဝေး၏ရလာဒ်အရ ပိုးသတ်ဆေးစစ်ဆေးမှုရလာဒ်ကို ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သို့ တင်ပြမည်ဖြစ်သည်။

အဆင့် (၅)

တင်ပြလာသော အချက်များကို ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ အောက်ပါမှတ်ပုံတင်အမျိုးအစားအလိုက် သုံးသပ်ပြီးဆုံး ဖြတ်ပေးမည်ဖြစ်သည်။

(က) စမ်းသပ်ခွင့် မှတ်ပုံတင်

(ခ) ယာယီသုံးစွဲခွင့်မှတ်ပုံတင်

(ဂ) အပြည့်အဝသုံးစွဲခွင့်မှတ်ပုံတင်

 

အဆင့် (၆)

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ တွဲဘက်အတွင်းရေးမှုးမှ ကုမ္ပဏီအား အောက်ပါသတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးအား ပေးသွင်းရန်အတွက် အကြောင်းကြားစာပေးပို့မည်ဖြစ်သည်။

(က) စမ်းသပ်ခွင့် မှတ်ပုံတင် - ၁,၀၀၀,၀၀၀ ကျပ်

(ခ) ယာယီသုံးစွဲခွင့်မှတ်ပုံတင် - ၂,၀၀၀,၀၀၀ ကျပ်

(ဂ) အပြည့်အဝသုံးစွဲခွင့်မှတ်ပုံတင် - ၅,၀၀၀,၀၀၀ ကျပ်

အဆင့် (၇)

ငွေပေးသွင်းပြီးကြောင်းအကြောင်းကြားစာ ရရှိပြီးသောအခါ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ တွဲဘက်အတွင်းရေးမှုး မှ မှတ်ပုံတင်ကို ထုတ်ပေးမည်ဖြစ်ပါသည်။ ရရှိထားသော မှတ်ပုံတင်အမျိုးအစားအလိုက် ကုမ္ပဏီသည် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့တွင် တင်သွင်းခွင့်ထောက်ခံချက်ကို ဆက်လက်လျှောက်ထား ရမည် ဖြစ်သည်။

လျှောက်ထားမှုဖြစ်စဉ်တစ်ခုလုံးအတွက် ကြာမြှင့်ချိန်မှာ ၅ ရက် (ရုံးပိတ်ရက်မပါ) ရုံးချိန်အတွင်း ဖြစ်ပါသည်။

 

Source: https://myanmartradeportal.gov.mm/my/procedure/48