ဓာတ်ရောင်ခြည်ထုတ်စက် ဓာတ်ရောင်ခြည်ထုတ်ကိရိယာ (သို့မဟုတ်) ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း တင်သွင်းခြင်းအတွက် ကြိုတင်ခွင့်ပြုချက်၊ မှတ်ပုံတင်လက်မှတ်နှင့် လိုင်စင်လျှောက်ထားရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့်
ကဏ္ဍ | Import |
ပုံ | |
အကျဉ်းချုပ် | နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း (သို့) ရောင်ခြည်ထုတ်ကိရိယာများ တင်သွင်းခြင်းအတွက်ထောက်ခံချက်ရယူခြင်း၊ |
အကြောင်းအရာ | ဓာတ်ရောင်ခြည်ထုတ်စက် ဓာတ်ရောင်ခြည်ထုတ်ကိရိယာ (သို့မဟုတ်) ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း ၁။ ဓာတ်ရောင်ခြည်ထုတ်စက်/ ဓာတ်ရောင်ခြည်ထုတ်ကိရိယာ (သို့မဟုတ်) ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းကို တင်သွင်းခြင်း၊ ပြန်လည်တင်ပို့ခြင်းဆောင်ရွက်လိုသူသည် အဏုမြူစွမ်းအင်ဦးစီးဌာနရှိ ကြိုတင်ခွင့်ပြုချက် (အစ- ၅)ပုံစံကို ထုတ်ယူလျှောက်ထားနိုင်သည်။ (က) ဓာတ်ရောင်ခြည်ကာကွယ်ရေးအစီအစဉ်များဆောင်ရွက်ရန် ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိ တစ်ဦးခန့်အပ်ထားရှိခြင်း၊ (ခ) လူတစ်ဦးချင်းစီ၏ရောင်ခြည်သင့်မှုတိုင်တားရေး ကိရိယာ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးပစ္စည်းများနှင့် ဓာတ်ရောင်ခြည်ကာကွယ်ရေးအစီအမံများအား အသုံးပြုလိုက်နာဆောင်ရွက်ခြင်း၊ (ဂ) ဓာတ်ရောင်ခြည်ကာကွယ်ရေးအစီအစဉ်များ ပြည့်စုံစွာဆောင်ရွက်ခြင်း (ဘေးအန္တရာယ်ကင်းရှင်းရေး ၊ လုံခြုံရေး)၊ (ဃ) ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းသိမ်းရေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ (င) ခွင့်ပြုမိန့် (လိုင်စင်) ပါ စည်ကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ (စ) အဏုမြူစွမ်းအင်ဦးစီးဌာနကထုတ်ပြန်ထားသော ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို လိုက်နာခြင်း၊ (ဆ) ဓာတ်ရောင်ခြည် လုပ်သားတစ်ဦးချင်းစီ၏ လုပ်ငန်းခွင်ဓာတ်ရောင်ခြည်သင့်ရောက်မှုမှတ်တမ်းများကို ထိန်းသိမ်းထားရှိခြင်း၊ (ဇ) ရေဒီယိုသတ္တိကြွပင်ရင်းများ ပျောက်ဆုံးခြင်း၊ ခိုးယူခြင်း၊ ပျက်စီးခြင်းနှင့် ခွင့်ပြုချက်မရှိပဲလွှဲပြောင်းခြင်း၊ ရေဒီယိုသတ္တိကြွပင်ရင်းများထားရှိသည့်နေရာသို့ ချဉ်းကပ်ဝင်ရောက်ခြင်းကို တားမြစ်နိုင်ရန်အတွက် လုံခြုံရေးအစီအမံများကို ဆောင်ရွက်ထားရှိခြင်း။ |
Related Documents
ဖိုင်အမည် | ဘာသာစကား | ဖိုင်အရွယ်အစား | ဒေါင်းလုပ် |
---|---|---|---|
နျူကလီးယားဒြပ်ပစ္စည်များ(Nuclear Material) အားတင်သွင်း/တင်ပို့ခြင်းနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ | Myanmar | 50.43kB | file_downloadဒေါင်းလုပ် |
Safeguards & SQP | Myanmar | 1.24MB | file_downloadဒေါင်းလုပ် |
ပုံစံများ
The following form/s are used in this procedure.
ခေါင်းစဉ် | အကြောင်းအရာ | ကဏ္ဍ | အဖွဲ့အစည်း |
---|---|---|---|
ရေဒီယိုသတ္တိကြွပစ္စည်း၊ ရောင်ခြည်ထုတ်ကိရိယာအတွက် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန်လျှောက်လွှာ (အစ-၁) | တင်ပို့ခွင့်လိုင်စင်ရရှိပြီး ပြည်ပသို့ တင်ပို့မည့် ပစ္စည်းများကို ပိုင်ဆိုင်ထားသူသည် လုပ်ငန်းလိုင်စင်ကို ဤလျှောက်လွှာပုံစံ (အစ-၁) အားအသုံးပြု၍ လျှောက်ထားနိုင်သည်။ | Export | အဏုမြူစွမ်းအင်ဦးစီးဌာန |
မှတ်ပုံတင်လက်မှတ် (အစ-၂) | သတ်မှတ်ချက်များ ပြည့်စုံသောလျှောက်လွှာပုံစံ (အစ-၁) ကိုသတ်မှတ်ချက်များနှင့်အညီ စစ်ဆေးသွားမည်ဖြစ်ပြီး လျှောက်လွှာသည် ပြည်စုံမှန်ကန်မှုရှိပါက လျှောက်ထားသူအား ဤလက်ဝယ်ပိုင်ဆိုင်ခွင့် မှတ်ပုံတင်လက်မှတ် (အစ-၂) ကို ထုတ်ပေးပါမည်။ | Export | အဏုမြူစွမ်းအင်ဦးစီးဌာန |
ရေဒီယိုသတ္တိကြွပစ္စည်း၊ ရောင်ခြည်ထုတ်ကိရိယာအသုံးပြု၊ ထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူး သို့မဟုတ် ရောင်းချခွင့်လိုင်စင်ထုတ်ပေးရန်လျှောက်လွှာ (အစ-၃) | တင်ပို့လိုသူသည် တင်ပို့မည့်ပစ္စည်းအား အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ခြင်း(သို့) ရောင်းချခြင်းများဆိုင်ရာလုပ်ငန်းမှတ်ပုံတင်ရှိရမည်။ မရှိပါက အဆိုပါလုပ်ငန်း ကိုပြုလုပ် သည့် မှတ်ပုံတင်ကို ဤလျှောက်လွှာပုံစံ (အစ-၃) ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို အဏုမြူစွမ်းအင် ဦးစီးဌာနသို့ လျှောက်ထားရပါမည်။ | Export | အဏုမြူစွမ်းအင်ဦးစီးဌာန |
ရေဒီယိုသတ္တိကြွပစ္စည်း၊ ရောင်ခြည်ထုတ်ကိရိယာအတွက် လိုင်စင် (အစ-၄) | အဏုမြူစွမ်းအင်ဦးစီးဌာနမှ အသုံးပြုခွင့်လိုင်စင် လျှောက်ထားလာသော အဖွဲ့အစည်း၏ လုပ်ငန်းခွင်အား အသုံးပြုခွင့်လိုင်စင်ချပေးနိုင်ရေးအတွက် အချက်အလက် များအားလိုက်ပါ ဆောင်ရွက်ခြင်း ရှိ/မရှိကို သွားရောက်စစ်ဆေးခြင်းနှင့် သက်တမ်းတိုးရန် တင်ပြ လျှောက်ထား ခြင်းများအတွက် ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်ပါသည်။ သတ်မှတ်ချက်များအတိုင်း ပြန်လည် ပြုပြင်မှုများ ဆောင်ရွက်ပြီး လိုက်နာဆောင်ရွက်ထားသော အဖွဲ့အစည်းများအား ဤအသုံးပြုခွင့်လိုင်စင် (အစ-၄) ချပေးပါသည်။ | Export | အဏုမြူစွမ်းအင်ဦးစီးဌာန |
ရေဒီယိုသတ္တိကြွပစ္စည်း၊ ရောင်ခြည်ထုတ်ကိရိယာ ကြိုတင်ခွင့်ပြုချက်လျှောက်လွှာ (အစ-၅) | လုပ်ငန်းပြီးဆုံး၍ မူရင်းနိုင်ငံသို့ ပြန်လည်တင်ပို့လိုသော အဖွဲ့အစည်းများအနေဖြင့် ပြန်လည်တင်ပို့ခွင့် လိုင်စင်အား ဤလျှောက်လွှာပုံစံ (အစ-၅) ဖြင့်လျှောက်ထားရပါမည်။ | Export | အဏုမြူစွမ်းအင်ဦးစီးဌာန |
ကြိုတင်ခွင့်ပြုချက် (အစ-၆) | လျှောက်ထားလာသော အဖွဲ့အစည်းများကို အန္တရာယ်ကင်းစွာ ထုတ်ပိုးမှု ရှိ/မရှိ စစ်ဆေး၍ ဤပြန်လည်တင်ပို့ခွင့်လိုင်စင် (အစ-၆) နှင့် ပြန်လည်တင်ပို့ခွင့်လက်မှတ်အား အဏုမြူစွမ်းအင်ဦးစီးဌာနမှ ပြန်လည်ထုတ်ပေးပါသည်။ | Export | အဏုမြူစွမ်းအင်ဦးစီးဌာန |