ပြည်ပသို့တင်ပို့ရန် တရား၀င်သစ်တောထွက်ပစ္စည်းဖြစ်ကြောင်းထောက်ခံချက်ရရှိရန်လုပ်ငန်းစဉ်များ
ကဏ္ဍ | Export |
ပုံ | |
အကျဉ်းချုပ် | ပြည်ပသို့တင်ပို့ရန် တရား၀င်သစ်တောထွက်ပစ္စည်းဖြစ်ကြောင်းထောက်ခံချက်ရရှိရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင်လျှောက်ထားခြင်း |
အကြောင်းအရာ | သစ်တောဦးစီးဌာန သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ပသို့တင်ပို့ရန် တရား၀င်သစ်တောထွက်ပစ္စည်းဖြစ်ကြောင်းထောက်ခံချက်ရရှိရန် လုပ်ဆောင်ချက်များ
အဆင့် (၁) သစ်နှင့်သစ်တောထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရန်အတွက် တရား၀င်သစ်တောထွက်ပစ္စည်းဖြစ်ကြောင်း ထောက်ခံချက် (Certificate for legality of forest products) ရယူရန် လိုအပ်ပါသည်။ အဆိုပါထောက်ခံချက်ရရှိရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။ လျှောက်ထားသူသည် လျှောက်လွှာကိုရယူ၊ ဖြည့်စွက်ပြီး အောက်ဖော်ပြပါ ပူးတွဲစာရွက်များနှင့်အတူ တင်ပြလျှောက်ထားရပါမည်။
အဆင့် (၂) ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးမှလျှောက်ထားချက်အား စိစစ်စစ်ဆေး၍ မြေပြင်စစ်ဆေးရေးအဖွဲ့မှ ဂိုဒေါင်သို့သွားရောက်၍ တိုင်းတာစစ်ဆေးခြင်း၊တံ ဆိပ်ရိုက်ခြင်းမှတ်ခြင်းများအတွက် စစ်ဆေးမိန်ထုတ်ပေးခြင်းများပြုလုပ်မည်ဖြစ်သည်။ မြေပြင်စစ်ဆေးရေးအဖွဲ့မှစစ်ဆေးတွေ့ရှိချက် မှတ်တမ်းကိုပြင်ဆင်မည်ဖြစ်သည်။ ပြည့်စုံမှန် ကန်မှုမရှိသောလျှောက်လွှာရှင်များကို အကျိုးအကြောင်းနှင့်တကွ အကြောင်းကြားမည်ဖြစ်သည်။ လျှောက်လွှာရှင်မှလိုအပ်သည်များကိုပြင်ဆင်ပြီး ပြန်လည်လျှောက်ထားရမည်ဖြစ် သည်။ အဆင့် (၃) ပြည်ပသို့တင်ပို့မည့် ကုန်ပစ္စည်းများအတွက်မြေပြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် (Chain of Custody) မှတ်တမ်းအသွားအလာအား အခြေခံလျှက်ဌာနတွင်း အစည်း အဝေးဖြင့် အတည်ပြုဆုံးဖြတ်ခြင်းပြုလုပ်မည်ဖြစ်သည်။ အစည်းအဝေးရလာဒ်အရ ကိုက်ညီမှုမရှိသော လျှောက်လွှာရှင်များအား ငြင်းပယ်မည်ဖြစ်ပြီး ဌာနမှလျှောက်လွှာရှင်ကို အသိ ပေးအကြောင်းကြားမည်ဖြစ်သည်။ အဆင့် (၄) ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးမှ သစ်တောထွက်ပစ္စည်းတင်ပို့ရန် သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာန၊ မြေပြင်စစ်ဆေးရေးအဖွဲ့နှင့် မှတ်တမ်းအသွား အလာ(COC)အား အတည်ပြုတင်ပြချက်အပေါ်မူတည်၍ တရား၀င်သစ်တောထွက်ထောက်ခံချက် လက်မှတ်အား (၂) ရက်အတွင်း ထုတ်ပေးမည်ဖြစ်သည်။ လျှောက်ထားသူမှ ထောက်ခံချက်လက်မှတ်ကို သစ်တောဦးစီးဌာနတွင်လာရောက်ထုတ်ယူပြီး တင်ပို့ခွင့်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဆက်လက်လျှောက်ထားနိုင် သည်။
|
ပုံစံများ
The following form/s are used in this procedure.
ခေါင်းစဉ် | အကြောင်းအရာ | ကဏ္ဍ | အဖွဲ့အစည်း |
---|---|---|---|
သစ်တောထွက်ပစ္စည်းများတင်ပို့ခွင့်ထောက်ခံချက်လျှောက်ထားခြင်း | သစ်နှင့် သစ်တောထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရန်အတွက် တရား၀င်သစ်တောထွက် ပစ္စည်းဖြစ်ကြောင်းထောက်ခံချက် (Certificate for legality of forest products) ရယူရန်ဤပုံစံဖြင့် သစ်တောဦးစီးဌာနတွင် လျှောက်ထားရမည်။ | Export | သစ်တောဦးစီးဌာန |