မောတောင် ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံး ကာလထက်ရောယမန်နှစ် ကာလတူထက်ပါ ကုန်သွယ်မှုပိုမို
 
                                                    
                
	မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်ကုန်သွယ်ရေးစခန်းမှာ ၂၀၁၆ ခုနှစ် မေလအတွင်း ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်း၊ သွင်းကုန် ကန် ဒေါ်လာသုည ဒသမ ဝ၄၀ သန်း ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ် မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်း ရရှိခဲ့ပါတယ်။ အနီး စပ်ဆုံးကာလထက် ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၀၉ သန်း၊ သွင်း ကုန် ကန်ဒေါ်လာ သုည ဒသမ ဝ၂၁ သန်း၊ကုန်သွယ်မှု ပမာဏ ကန် ဒေါ်လာ သုည ဒသမ ဝ၃၀ သန်းပိုမိုခဲ့ပါတယ်။ ယမန်နှစ် ကာလတူ ထက် ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၀၃ သန်း၊ သွင်းကုန်ကန် ဒေါ်လာ သုည ဒသမ ဝ၂၈ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်းပိုမိုခဲ့ပါတယ်။
	အနီးစပ်ဆုံးကာလထက် ပို့ကုန် ပိုမိုရခြင်းမှာ ရေထွက်ကုန် ပိုမိုတင်ပို့ နိုင် ၍ဖြစ်ပြီး သွင်းကုန်ပိုမိုရခြင်းမှာ လုပ်ငန်းသုံးနဲ့ လူသုံးကုန်ပစ္စည်း ပိုမို တင်သွင်းနိုင်လို့ ဖြစ်ပါတယ်။ ယမန်နှစ် ကာလတူထက် ပို့ကုန်ပိုမို ရခြင်းမှာ ရေထွက်ကုန်နဲ့ စက်မှုကုန်ချောပိုမို တင်ပို့နိုင်၍ဖြစ်ပြီး သွင်း ကုန်ပိုမိုရခြင်းမှာ လုပ်ငန်းသုံးနဲ့ လူသုံးကုန်ပစ္စည်းများ ပိုမိုတင်သွင်းနိုင် လို့ ဖြစ်ပါတယ်။ မောတောင် ကုန်သွယ်ရေး စခန်းမှ မေလအတွင်း ကင်းမွန်၊ ငါးမျိုးစုံ၊ ကဏန်း၊ သဲကဏန်း၊ ကနုကမာ၊ ငါးမှုန့် နဲ့ တံမြက် စည်းများ အများဆုံး တင်ပို့နိုင်ခဲ့ပြီး ပလတ်စတစ် ပစ္စည်း၊ ပေါင်းသတ် ဆေး၊ ပန်းသီး၊ လိမ္မော်သီးနဲ့ စပျစ်သီးတို့ အများဆုံး တင်သွင်းခဲ့ပါ တယ်။
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
