မုံရွာကုန်စည်ဒိုင်ဇွန်လဆန်းပဲဈေးကွက် အရောင်းမသွက်ဝယ်လက်အေးနေ
 
                                                    
                
	မုံရွာကုန်စည်ဒိုင် ဇွန်လဆန်း ပဲဈေးကွက်မှာ ပြီးခဲ့တဲ့မေလ ကုန်ပတ်က ထက် ပဲအများစုမှာ ပုံမှန်အောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဈေးအ သီးသီးကျ ဆင်းသွားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဒိုင်ကိုအဝင် သွက်ခဲ့တဲ့ နွေပဲတီလည်း ယခုတစ်ပတ်မှာ ဒေသတွင်း မိုးရွာသွန်းမှုရှိခဲ့လို့ ပဲကောက် ပဲဆွတ်မလုပ်နိုင်တဲ့ အတွက် ပဲအဝင်လျော့ခဲ့တယ်လို့ ပွဲရုံ ရပ် ကွက်ကဆိုပါတယ်။ ဝယ်လက်အနေနဲ့ တရုတ်ပြည်အတွက် ဝယ်/သယ်/ ပို့ တိုက်ရိုက်သာဖြစ်ခဲ့ပြီး၊ မနှစ်ကလို အမြင့်ဈေးမျိုးမှန်းပြီး၊ လှောင်လက် အဝယ်မျိုးမရှိခဲ့လို့ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်းကျပ် ၃၀ဝ၀ဝ အ ထိ အနိမ့်ဆုံးဈေးဖြစ်ပေါ်ခဲ့ တာတွေ့ရပါတယ်။ စိမ်းသေးကတော့ ဒိုင်မှာ အဝင် နည်းပြီး တစ်တင်းကျပ် ၂၇၀ဝ၀ နဲ့ဈေး ငြိမ်ခဲ့ပါတယ်။
	အရောင်းအဝယ်အနေ နဲ့ ယခုရက်သတ္တပတ် မှာ တစ်ရက် အိတ် ၇၀ဝ ခန့်သာဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်မှသိရပါတယ်။ ယခုတစ်ပတ် ပဲစင်းငုံနီ ဈေးကွက်မှာ ဒေသခံကုန်သည်တွေ ရောင်းလို အားနည်းခဲ့သလို ရန်ကုန်၊ မန္တလေးကုန်သည်တွေရဲ့ ဝယ်လိုအားလည်း နည်းခဲ့တာကြောင့် ဈေးအေး ကာ အရောင်းအဝယ်ပမာဏပါ ကျဆင်းသွား တာတွေ့ရပါတယ်။ ယခု တစ်ပတ်ပေါက်ဈေးအနေနဲ့ တစ်တင်းကျပ် ၄၇၇၀ဝ အမြင့်ဆုံးနဲ့ တစ်တ င်းကျပ် ၄၆၃၀ဝ အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ အ ရောင်းအဝယ် အနေနဲ့လည်း အရောင်းအဝယ် ဖြစ်တဲ့ရက်မှာ အများဆုံး အိတ် ၁၀ဝ၀ မဖြစ် တဲ့ရက်မှာ အိတ် ၃၀ဝ/၄၀ဝ အထိ အေးသွားတယ် လို့ ဆိုပါတယ်။ မတ်ပဲဈေးကွက်မှာလည်း ယခုတစ်ပတ်မှာ နယ်အဝင် ပါးခဲ့ပြီး၊ ပုံမှန်အဝယ်သာရှိခဲ့လို့ တစ်တင်း ကျပ် ၅၃၀ဝ၀မှ ကျပ် ၅၄၀ဝ၀ အတွင်းဈေး ငြိမ်ခဲ့ကာ အရောင်းအဝယ်မသွက်ဘဲ တစ်ရက်အိတ် ၂၀ဝ ခန့်သာဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ယခု တစ်ပတ်မှာ ပြည် ပရောင်းတန်း ဝင်ပဲတွေ ဈေးအေးအရောင်းအဝယ်ပါးခဲ့သလို ပြည်တွင်း သုံးဒေသသုံးပဲဈေး ကွက်မှာလည်း ဆက်လက်ဈေးငြိမ်ခဲ့ရာ ပဲကြီးတစ် တင်း ကျပ် ၂၂၅၀ဝ၊ကျပ် ၂၆၅၀ဝ၊စွန်တာနီတစ်တင်းရိုးရိုး ကျပ် ၁၄၅၀ဝ၊ (ကသဲ) ကျပ် ၁၅၀ဝ၀၊ ပဲနီကြားလုံးတစ်တင်း ကျပ် ၁၅၃၀ဝ၊ပဲပုပ်၊ ကျပ် ၁၈၀ဝ၀၊ ကျပ်၁၈၅၀ဝ ၊ ပဲယင်းဝါ တစ်တင်း ကျပ် ၁၄၅၀ဝ၊ ပုဂံပဲတစ် တင်းကျပ် ၁၄၅၀ဝ၊ကျပ် ၁၆၀ဝ၀ ၊မြေထောက်ပဲတစ်တင်းကျပ် ၁၅၀ဝ၀၊ ကျပ် ၁၇၀ဝ၀၊ ထောပတ် ပဲတစ်တင်း ကျပ် ၁၁၀ဝ၀ နဲ့လွန်းပြာ တစ်တ င်း ကျပ် ၂၀၅၀ဝ အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်း အဝယ် ပုံမှန်သာဖြစ်ခဲ့တယ်လို့ မုံရွာ ကုန်စည်ဒိုင်ဈေးကွက်မှ လေ့လာသိရှိရ ပါတယ်။
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
