ပြည်နှမ်းဈေးကွက်တွင် မျိုးသမားများအဝယ်လိုက်လာ၍ ဈေးပြန်မြင့်
 
                                                    
                
	ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မျိုးနှမ်းများအဝယ်ရှိသဖြင့် နှမ်းဈေး ပြန်တက်လာတာတွေ့ရပါတယ်။ အဝင်မရှိဘဲ လှောင်နှမ်းများကို မျိုးသ မားများက အဝယ်ရှိနေသဖြင့်ဈေးမှာ ယခင်တစ်ပတ်ထက် မြင့်တက် လာတာတွေ့ရပါတယ်။ ဆီစက်သမားများကလည်း ဆီကြိတ်ရန်အဝယ် ရှိခြင်းနဲ့ နှမ်းနက်ကို မိုးနှမ်းစိုက်ပျိုး ရန် မျိုးအဖြစ်အဝယ်ရှိခြင်းတို့ကြောင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။
	ယခုတစ်ပတ် နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ဖြင့် ယခင် တစ်ပတ်ထက်စာလျှင် ကျပ် ၇၀ဝ၀ ဈေးမြင့်လာတာတွေ့ရပြီး ဆီဈေးမှာ လည်း နှမ်းနီတစ်ပိဿာလျှင် ကျပ် ၄၆၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ ရိုးရိုးနှမ်းနက် တစ်တင်းလျှင်ကျပ် ၅၃၀ဝ၀ ဖြင့် ယခင် တစ်ပတ်ထက်စာလျှင် ကျပ် ၂၀ဝ၀ဝ ဈေးမြင့်လာပြီး၊ စမုံနက်နှမ်း တစ် တင်းလျှင် ကျပ် ၁၃၀ဝ၀ ဈေးဖြင့် မျိုးသမားများ အဝယ်လိုက်လာ၍ ယခင်တစ်ပတ်ထက် ကျပ် ၆၆၀ဝခန့် ဈေးမြင့်လာတာ တွေ့ရပါတယ်။
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
