စခန်းစုံမှ ဖရဲသီးတန်ချိန်တစ်သိန်းခြောက်သောင်းကျော် တင်ပို့
 
                                                    
                
	မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ  ၁ ရက်မှ ၃၀ ရက်အတွင်း ကန်ဒေါ်လာ ၈ ဒသမ ၈၉၅ သန်းတန်ဖိုးရှိ ဖရဲသီး ၈၂၈၀၂ တန်ခွဲ၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၈ ဒသမ ၅၆၇ သန်းတန်ဖိုးရှိ ဖရဲသီး ၈၀ဝ၇၀ တန်ကျော်၊ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၄၄ သန်းတန်ဖိုးရှိ ဖရဲသီး ၂၂၈၆ တန်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ဝ၀၃ သန်းတန်ဖိုးရှိ ဖရဲသီး ၃ တန်နဲ့ ရိဒ် ကုန်သွယ်ရေးစခန်းမှ  ကန်ဒေါ်လာ သုည ဒသမ ဝ၀၈ သန်းတန်ဖိုးရှိ ဖရဲသီး ၂၈ တန်ခွဲကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၁၇ သန်းတန်ဖိုးရှိ ဖရဲသီး ၁၆၅၁၉၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မန္တလေးအနီးဝန်းကျင်ဒေသများမှ ဖရဲသီးထွက်ရှိတာဖြစ်ပြီး တရုတ် ပြည်သို့ တင်ပို့တဲ့ ဖရဲသီးဈေးကွက်မှာ ဖရဲသီးစထွက်သည့် ဒီဇင်ဘာလ မှစ၍ တင်ပို့တာဖြစ်တယ်လို့ မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။
	တမူးစခန်းနဲ့ ရိဒ်စခန်းက တင်ပို့တဲ့ ဖရဲသီးများကတော့ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ် တစ်ဝိုက်မှ ထွက်ရှိတဲ့ ဖရဲများဖြစ်တယ် လို့ သိရှိရပါတယ်။
	မြင့်မြင့်မာ
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
