စားအုန်းဆီဝယ်လိုအား မြင့်တက်မှုနဲ့ ပဲပုပ်ဈေးမြင့်တက်မှုကြောင့် စားအုန်းဆီဈေးနှုန်းများ ရက်သတ္တပတ် သုံးပတ်အတွင်း အမြင့်ဆုံးကို ရောက်ရှိ
 
                                                    
                
	စားအုန်းဆီဝယ်လိုအားက ခြောက်ရက်အနက် လေးရက်မြင့်တက် ခဲ့ခြင်း ကြောင့်လည်းကောင်း၊ ပဲပုပ်ဆီဈေးများကလည်း  ပြန်လည်မြင့် တက် လာ ခြင်းကြောင့်လည်းကောင်း မလေးရှားစားအုန်းဆီဈေးက မေ ၁၁ ရက်မှာ သုည ဒသမ ၇ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘီရီကော်ဒါ သတင်း မှာ ဖော်ပြ ခဲ့ပါတယ်။ ဘာဆာမလေးရှား  ကုန်စည်ဒိုင်(Bursa Malaysia Derivatives Exchange) မှာ ဇူလိုင်အတွက် ကြိုတင် စာချုပ် ချုပ်တဲ့ မလေးရှားစားအုန်းဆီဈေးနှုန်းက မေ ၁၁ ရက် ညနေ ဈေးပိတ်ချိန် မှာ သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် တန်ကို ၂၆၈၀ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၆၅) နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။ တစ်နေ့အတွင်း အမြင့်ဆုံးနှုန်းက တစ် တန်ကို ၂၇၁၇ ရင်းဂစ်နှုန်းမြင့်တက်ခဲ့ရာ ဧပြီ ၂၂ ရက် နောက် ပိုင်းအမြင့်ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏက ညနေပိုင်းမှာ ၂၅ တန်ရှိအတွဲပေါင်း ၆၃၄၉၆ တွဲ ရှိခဲ့ပါတယ်။
	''စားအုန်းဆီတင်ပို့မှုအခြေ အနေကအတော်ကောင်း နေတဲ့အတွက် မလေးရှားနိုင်ငံရဲ့ သိုလှောင် လက်ကျန်လည်း ထပ်မံကျဆင်းလိမ့်မယ်လို့  ခန့်မှန်းပါတယ်။ အာဂျင်တီနား နိုင်ငံမှာလည်း ရာသီဥတုပြဿနာတွေ ရှိနေတဲ့အတွက် ပဲပုပ် ဖြန့်ဖြူးမှုကလည်း ကျဆင်းနိုင်ပါတယ်''လို့   ကွာလာလမ်ပူ အခြေစိုက်ကုန်သည်တစ်ဦးက ပြောပါတယ်။
	ထုတ်လုပ်မှုတိုးတက်နှုန်းက  ခန့်မှန်းထားတာထက် ကျဆင်းတဲ့အတွက် ဧပြီလမှာ မလေးရှားပြည်တွင်း သိုလှောင် လက်ကျန်က ၄ ဒသမ ၅ ရာခိုင်နှုန်း  ကျဆင်းကြောင်း မေ ၁၀ ရက်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ သိရပါတယ်။
	ထုတ်လုပ်မှုကိုနှိုင်းယှဉ်ကြည့်ရင် ယခင်နှစ်ကာလတူက ၁၃ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး  တန်ချိန် ၁ ဒသမ ၆၉ သန်းရှိရာမှ ယခုနှစ်ဧပြီမှာ မတ်လနဲ့ နှိုင်းယှဉ်ရင် ၆ ဒသမ ၇ ရာခိုင်နှုန်း  တိုးတက်ပြီး တန် ၁ ဒသမ ၃၀ သန်းရှိ ခဲ့ပါတယ်။ တချိန်တည်းမှာ ပို့ကုန်တွေကလည်း ဆက်လက်မြင့်တက်ခဲ့ပါ တယ်။
	မေ ၁ ရက်မှ ၁၀ ရက်အထိ စားအုန်းဆီတင်ပို့မှုက ယခင်ကာလတူနဲ့ နှိုင်းယှဉ်ရင် ၂၁ ဒသမ ၉ ရာခိုင်နှုန်း မြင့် တက်ပြီး ၃၉၁၂၂၂ တန်ရှိ ခဲ့ကြောင်း ကုန်စည်စစ်တမ်းကောက် ယူရေး အေဂျင်စီ  Intertek Testing Services က မေ ၁၀ ရက် က ထုတ်ပြန်ခဲ့ပါတယ်။ စစ်တမ်းကောက်ယူရေးအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Societe Generalede Survie llance ရဲ့ ထုတ်ပြန်ချက် အရ ကာလတူအတွင်း  တင်ပို့မှုက ၃၂ ဒသမ ၃ သန်း မြင့် တက်ခဲ့ပါတယ်။
	အခြားဟင်းရွက်ဆီတစ်မျိုးဖြစ်တဲ့   ပဲပုပ်ဆီဈေးကို ကြည့်ပါက တရုတ် နိုင်ငံ ဒါလီယံကုန်စည်ဒိုင်  (Dalian Commodity Exchange) မှ စက်တင်ဘာအတွက်ချုပ်ဆိုတဲ့ ပဲပုပ်ဆီဈေးက ၃ ဒသမ ၃ ကျဆင်းပြီး အမေရိကန်နိုင်ငံ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့ မှာ ဇူလိုင်အတွက်ချုပ် ဆိုတဲ့ စာချုပ်ဈေးက သုည ဒသမ ဝ၃ ရာခိုင်နှုန်းကျဆင်းပါတယ်။
	 ဉာဏ်တင်
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
