မွန်ပြည်နယ်တွင် ရော်ဘာသစ်မှ အိမ်သုံးပရိဘောဂထုတ်စက်ရုံဖွင့်လှစ်
 
                                                    
                
	ဒေသထွက် ရော်ဘာသစ်ကုန်ကြမ်းမှ စားပွဲ၊ ကုလား ထိုင်၊ ဘီဒို၊ ဆက် တီကုလားထိုင်၊ ကုတင်၊  နံရံကပ်ဘီဒိုအစရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်း ထုတ် စက်ရုံကို ဧပြီ ၂၉ ရက်က မွန်ပြည်နယ်၊  မော်လမြိုင်မြို့  ရိုးရိုး ရွာမှာ ဖွင့်လှစ်လိုက်ပြီလို့ သတင်းရရှိပါတယ်။ဒေသခံမိုးမြချယ် ကုမ္ပ လီ မိတက်နဲ့ ဂျပန်နိုင်ငံမှOJC Forest & Products Co.,Ltd   Sumitomo Forestry Co.Ltd  တို့ ပူးပေါင်းကာ MOS Lumber Products ကုမ္ပဏီ အနေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပရိဘောဂပစ္စည်းများ ထုတ် လုပ် သွားမယ်လို့ သိရပါတယ်။
	ရော်ဘာပင်အိုများ  အစေးထွက်နှုန်း ကျဆင်းလာတဲ့ အခါခုတ်လှဲပြီးထင်း အဖြစ်သုံးကြပါတယ်။ ယခုအခါ ရော်ဘာ သစ်ကို ကုန်ကြမ်းအဖြစ်မှ တန်ဖိုး မြှင့် ပရိဘောဂကုန်ချော ထုတ်စက်ရုံကို   ဖွင့်လှစ်လိုက်ခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင်  အခွင့်အလမ်းများ ပေါ်ထွန်းလာ ပါ တယ်။ ရော်ဘာစိုက် တောင်သူများလည်း ရော်ဘာသစ်ရောင်းချရာမှ ယခင်ထင်း အဖြစ်  ခုတ်လှဲမှုထက် ဈေးနှုန်းပိုမိုရရှိလာမှာဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ဧက ၁၄ သိန်းကျော်ရှိတဲ့ အနက် မွန်ပြည် နယ် မှာ စိုက်ဧက လေးသိန်းရှစ်သောင်းကျော် ရှိပါတယ်။
	MIRT
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
