မြဝတီကုန်သွယ်ရေးဇုန်နဲ့ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပိုမိုတင်ပို့
 
                                                    
                
	မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ဧပြီ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၇၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၂၃ တန်ကျော်တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅၂၆ တန်နီးပါးလျော့နည်းတင်ပို့ခဲ့ပါတယ်။      
	မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ဝ၉၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၅၅ တန်ကျော်၊ကဏန်း ၁၉ တန်ကျော် တင်ပို့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၇ တန်ကျော်  ပိုမိုတင်ပို့ခဲ့ပါတယ်။
	ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ဝ၂၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၁၈၆ တန်ကျော်၊ကင်းမွန် ၂၃ တန်ကျော် ၊ ပုစွန် ၇ တန်ကျော်၊ပင်လယ်ငါးရှဉ့် ၈ တန်ကျော်နဲ့ ရေဘဝဲ ၁၀ တန်ကျော် တင်ပို့ ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၂၂၇ တန်နီးပါးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။
	မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၈၆၃ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၇၁၈ တန်ကျော်၊ငါးမှုန့် ၈၉ တန်ကျော်၊ရေငံပုစွန် ၁၀ တန်ကျာ်၊ကဏန်းသေး(အသေ)၂ တန်ကျော်နဲ့ ကင်းမွန် ၈၄၀ ကီလိုဂရမ် တင်ပို့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၇၉၀ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။
	ခင်မြနွယ်
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
