နို့ဆီ/နို့မှုန့် နို့ဆီတန်ချိန်၃၀ဝ နီးပါးနဲ့ နို့မှုန့် တန်ချိန် ၁၀ဝ ကျော်ဝင်
 
                                                    
                
	    ဧပြီ ၃ရက်မှ ၉ရက် သီတင်းပတ် အတွင်း နို့ဆီ ၂၄၈ဒသမ ၄၀ တန်ကို  ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။   ဒီတစ်ပတ်မှာ တော့ ဒွန်းနို့ဆီတစ်မျိုးတည်းသာဝင် လာခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၁၇ ရက်မှ ၂၃ ရက်သီတင်းပတ်မှာတော့ နို့ဆီ ၅၀ဒသမ ၉၉၄ တန်တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။
	     ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ် အတွင်း နို့မှုန့် ၂၅ဒသမ ၇၇၂ တန်ကို တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ နယူးဇီလန်မှ ၁၆ တန်၊ စင်ကာပူမှ ၆ ဒသမ ၉၆၈ တန်၊ ဗီယက်နမ်မှ ၂ဒသမ ၈၀၃ တန် တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဧပြီ ၁၇ ရက်မှ ၂၃ရက်သီတင်း ပတ်မှာ မလေးရှားမှ ၄၄ဒသမ ၂၂၇ တန်နဲ့စင်ကာပူမှ ၄၅ ဒသမ ၂၆၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
