မူဆယ်မှ နနွင်းတက်တန်ချိန် ၃၀ဝ နီးပါးတင်ပို့
 
                                                    
                
	ဧပြီ ၁ ရက်မှ ၂၀ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၁၃၄၅၀ တန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၂၈၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူ ၂၀၁၆ ခုနှစ် ဧပြီ  ၁ ရက်မှ ၂၀ ရက် အထိမှာတော့ ၃၉၅ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။၂၀၁၆ ခုနှစ်တွင် နနွင်းတက် တစ်တန်ကို (ငွေလဲနှုန်းအရ) လိုင်စင်ဈေး ၅၅၀ ဒေါ်လာသာရှိခဲ့ပြီး ယခု ၂၀၁၆ တွင် ၇၅၀ ဒေါ်လာအထိ ဈေးမြင့်တက်လာခဲ့ပါတယ်။                   
	  မော်မော်အောင်
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
