မိုးစပါးရိတ်သိမ်းပြီး ရာသီဂန္ဓမာပန်းကို တောင်သူများတိုးချဲ့စိုက်ပျိုးလာ
အင်းတော်မြို့နယ် မော်လူးဒေသ ပဲခူးကျေးရွာမှာ မိုး စပါးစိုက်ပျိုးပြီး လယ်ကွက်ထဲမှာ ရာသီဂန္ဓမာပန်းများ စိုက်ပျိုး လာကြပါတယ်။ အင်းတော်၊ ဗန်းမောက်၊ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်းမြို့နယ်မှ ဈေးကွက်အဝယ်ရှိလို့ အကျိုး အမြတ်ရှိကြပြီး ပန်းစိုက်တောင်သူများ တိုးချဲ့စိုက်ပျိုးလာ တာကို တွေ့ရပါတယ်။
ဂန္ဓမာပန်းမျိုးကို မေမြို့အနီးစခန်းမှာ ငွေလွှဲမှာယူပါ တယ်။ အပင်သားစို့ ပျိုးပင်တစ်ပင်ကို အမျိုးအစား အလိုက် ခုနစ်ကျပ်မှ နှစ်ဆယ်အထိပေးရပါတယ်။ ဘောင်ဖော်ပြီး စိုက် ရတာပါ၊ ရေကြိုက်ပေမယ့် ရေဝပ်တာ မကြိုက်ပါဘူး၊ ရွက် ဖျန်းအားဆေး၊ မှိုသတ်ဆေး၊ အပင်အားဆေးများ ကျွေးရပါ တယ်။ တစ်ဧကစိုက်ပျိုးပါက အပင်ခြောက်သောင်းစိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ် ကျပ်ရှစ်သိန်းခန့်ရှိပါတယ်။ စိုက်ပျိုးပြီး သုံးလအကြာမှာ ဈေးကွက်ဝင် ဂန္ဓမာပန်းများရပါပြီ၊ ပန်းပွဲ စားများက ခြံအရောက်လာဝယ်ပါတယ်။ ငါးပင်တစ်စည်းကို ငါးရာကျပ်နဲ့ ရောင်းပါတယ်။ တစ်ဧကဆို အစည်းပျမ်းမျှ ၁၀ဝ၀ ကျော်ဝင်ငွေ ကျပ်သိန်းငါးဆယ်ကျော်မှာ ကုန်ကျစရိတ်နှုတ်ပြီး ကျပ်သိန်းလေးဆယ်ကျော် အမြတ်အစွန်းရပါတယ်။ အခုပဲခူး ရွာမှာ ဂန္ဓမာပန်းစိုက်တောင်သူ ရှစ်ဦးရှိပြီး အပင်သိန်းချီပြီး စိုက်ပျိုးလာကြပါတယ်။ ပဲခူးရွာ ဂန္ဓမာပန်းအပင် ငါးသိန်း ကျော်အထိ တိုးချဲ့စိုက်ပျိုး လာကြ ပါတယ်လို့ ပန်းတောင်သူ ဦးဇော်သက်ထူး၊ ဦးကျော်ဇင်ဖြိုးတို့ထံက သိရပါတယ်။
ကသာခရိုင်၊ ကသာ၊ ထီးချိုင့်မြို့နယ်များမှာ ရာသီ ဂန္ဓမာပန်းများ စိုက်ပျိုးပေမယ့် အင်းတော်မြို့နယ်မှာ စိုက် ပျိုးမှုနည်းပါတယ်။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး ကြောင့်လို့ ဆိုကြပါတယ်။ ယနေ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတဲ့အတွက် ဈေးကွက်သို့နေ့ခြင်းရောက်ပြီး ပန်းစိုက်တောင်သူများ အဆင်ပြေကာ တိုးချဲ့စိုက်ပျိုးလာကြ တယ်လို့ သိရပါတယ်။
ကြည်နိုင်ဦး -အင်းတော်
အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General