MCB ရှယ်ယာများ အရောင်းအဝယ်မဖြစ်သည့်နေ့များရှိခဲ့
 
                                                    
                
	ယခုတစ်ပတ်အတွင်း YSX ဈေး ကွက်တွင် အစုရှယ်ယာများရောင်းချရ မှုအခြေအနေများအနက် MCBရှယ် ယာများသည် အရောင်းအဝယ်မဖြစ် သည့်နေ့များ ရှိခဲ့ကြောင်းYSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။
	MCB ၏ ရှယ်ယာဈေးနှုန်းများ သည် ဇန်နဝါရီ ၉ ရက်က ၉၃၀ဝ ဖြင့် ဈေးပိတ်ခဲ့သော်လည်း အရောင်း အဝယ်ပမာဏမှာ တစ်နေ့တာအတွင်း  အစုရှယ်ယာ ၇၁၀ သာရှိခဲ့သည်။
	ဇန်နဝါရီ ၁၀ ရက်တွင် ကျပ် ၁၀ဝ၀ဈေးကျသွားပြီး တစ်စုလျှင် ကျပ် ၈၁၀ဝ ရှိချိန်တွင် အစုရှယ်ယာအရေ အတွက် ၁၇၀၂ စု ရောင်းချခဲ့ရပြီး နောက်တစ်နေ့ဖြစ်သည့် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် အရောင်း အဝယ်မရှိခဲ့ဘဲ ဈေးကွက်အတွင်း ငြိမ် သက်လျက်ရှိသည်။ ဈေးပိတ်ချိန်က ရှိခဲ့သည့် MCB ၏ အစုရှယ်ယာဈေး နှုန်းမှာ ကျပ် ၉၁၀ဝ ဖြစ်သည်။
	FMI ၏ ရှယ်ယာဈေးနှုန်းများမှာ ကျပ် ၁၃၅၀ဝ ဖြင့်ပင် နေ့စဉ်အရောင်း အဝယ်များရှိခဲ့ကြောင်း သိရသည်။
	အလားတူ  MTSH  ၏ ရှယ်ယာ ဈေးနှုန်းမှာ ကျပ် ၄၅၀ဝ ဖြင့် အရောင်း အဝယ်နေ့စဉ်ဖြစ်လျက်ရှိကြောင်း သိရ သည်။
	မယ်သီတာ
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
