စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါးမြစ်ချင်းနဲ့ ငါးခေါင်းပွ တန် ၇၀ တင်ပို့
 
                                                    
                
	မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဒီဇင်ဘာ ၂၄မှ ၃၀အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၈၂ သန်း တန်ဖိုးရှိ ရေချိုငါးမြစ်ချင်း ၆၅တန်နဲ့ ငါးခေါင်းပွ ၅တန် ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ရေချိုငါးမြစ်ချင်း ၉၅တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၃၀ခန့် လျော့နည်း တင်ပို့ခဲ့တယ်လို့ စစ်တွေ ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။
	ယခုတစ်ပတ်မှာ ရေချိုငါးမြစ်ချင်းနဲ့ ငါးခေါင်းပွတို့အပြင် အမေရိကန် ဒေါ်လာ သုည ဒဿမ ဝ၈၀သန်း တန်ဖိုးရှိ ငါးစုံလေးခြောက် ၈တန်၊ ငါးနီတူ ခြောက် ၇တန်၊ ဂျင်းအစို ၄၅တန်၊ မန်ကျည်းစေ့ ၁၆၀တန်၊ ဆီးယိုထုတ် တန်၆၀၊ စောင် ၂တန်တို့ကို တင်ပို့နိုင်တယ်လို့ သတင်းရရှိပါတယ်။
	ခင်မိုးသူ
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
