ရှယ်ယာဈေးများ ဆက်လက် ကျဆင်း
![](https://myanmartradeportal.gov.mm/images/small/mtsh171.jpg)
ယခုတစ်ပတ်အတွင်း FMI ၏ ရှယ်ယာဈေးနှုန်းများသည် ယခင်တစ် ပတ်ကထက် ဆက်လက်ကျဆင်းခဲ့ ကြောင်း YSX ၏သတင်းထုတ်ပြန်ချက် များအရ သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကFMI ၏ ရှယ်ယာဈေးနှုန်းများသည် ကျပ် ၁၅၀ဝ၀ ရှိခဲ့သော်လည်း ယခု တစ်ပတ်တွင်မူ ကျပ် ၁၃၅၀ဝ သို့ ရောက်ရှိခဲ့သည်။
အဆိုပါဈေးနှုန်းသည် ၂၀၁၆ ခုနှစ်တစ်နှစ်တာကာလပတ်လုံး အနိမ့် ဆုံးဈေးနှုန်းပင်ဖြစ်ပြီး တစ်နှစ်အတွင်း စံချိန်တင် ကျဆင်းခြင်းပင်ဖြစ်ကြောင်း သိရသည်။
အခြားသောရန်ကုန်စတော့အိတ် ချိန်းဝင် ကုမ္ပဏီများဖြစ်သည့် MTSH၏ ရှယ်ယာဈေးနှုန်းသည် တစ်စုလျှင် ကျပ် ၄၄၀ဝ ဖြင့် ဈေးအနည်းငယ် ကျ ဆင်းကာအရောင်းအဝယ်ဖြစ်လျက်ရှိ ပြီး MCB၏ ရှယ်ယာဈေးနှုန်းမှာ ကျပ် ၉၁၀ဝ ဖြင့် ဈေးကျဆင်းကာ အရောင်း အဝယ်မဖြစ်သည့် ရက်များပင်ရှိခဲ့ ကြောင်း သိရသည်။
လာမည့်နှစ် ဇန်နဝါရီ ၂၀ ရက် တွင် စာရင်းဝင်ကုမ္ပဏီအဖြစ် ပထမ ပုဂ္ဂလိကဘဏ်ကို အတည်ပြုသတ်မှတ် ခဲ့ကြောင်း YSX က သတင်းထုတ်ပြန် ခဲ့သဖြင့် လာမည့်နှစ်တွင် စာရင်းဝင် ကုမ္ပဏီပေါင်း လေးခုအထိရှိလာမည် ဖြစ်သည်။
အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General