ပြည်ပမှ ဆိုင်ကယ်မျိုးစုံ ပိုမိုတင်သွင်း
 
                                                    
                
	ဒီဇင်ဘာ ၁၀ရက်မှ ၁၆ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေး စခန်းများနဲ့ ကုန်သွယ်ရေး ဇုန်များမှ အမေရိ ကန် ဒေါ်လာ ၅ဒသမ ၉၅၄ သန်း တန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၁၄၁၉၃ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၉၆၇၈ စီး တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၄၅၁၅ စီး ပိုမိုတင် သွင်းခဲ့တယ်လို့ ကုန်သွယ်ရေး စခန်းများမှ သိရပါတယ်။
	တင်သွင်းမှု အခြေအနေကို ကြည့်ပါက မူဆယ် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄ဒသမ ၃၄၆ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၃၁၆၇ စီး မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ဒသမ ၅၈၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၀ဝ၉ စီးနဲ့ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၇စီးကို တင်သွင်း ခဲ့ပါတယ်။ တမူးကုန်သွယ်ရေးစခန်းမှ ဆိုင်ကယ်တင်သွင်းမှု လျော့ကျပေမယ့် မူဆယ်နဲ့ မြဝတီ ကုန်သွယ်ရေး ဇုန်များမှ ဆိုင်ကယ်များ ပိုမိုတင်သွင်းနိုင်ခဲ့တဲ့ အတွက်ကြောင့် ယခင် တစ်ပတ်ထက် ပိုမိုရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မူဆယ် ကုန်သွယ်ရေးဇုန်မှ ဆိုင်ကယ်အပြင် အမေရိကန်ဒေါ်လာ သုညဒသမ ၂၂၆ သန်း တန်ဖိုးရှိ သုံးဘီး ဆိုင်ကယ် ၂၁၅ စီးကို တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
	            ခင်မိုးသူ
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General
                    
