ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့ နယ်စုံမှ မိုးစပါးသစ်များ ဈေးကွက်သို့ဝင်ရောက်
![](https://myanmartradeportal.gov.mm/images/small/P47.jpg)
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါးအဟောင်း ဈေးကွက်မှာ သြဂုတ်နှင့်စက်တင်ဘာတို့တွင် အရောင်းအဝယ် အေးလျက်ရှိရာမှ အောက်တိုဘာ တတိ ယပတ်မှ စတင်၍ ဧည့်မထမိုးစပါးသစ်များ ဈေးကွက်သို့ဝင်ရာက် လာခဲ့ရာပုသိမ် ဈေးကွက်မှာ ၄၆ပေါင်တင်း ၁၀ဝ ကို ကျပ် ၃၅၀ဝ၀ဝ ဝန်းကျင် ဈေးနှင့် သီတင်းနှစ်ပတ်လောက်သာ အရောင်းအဝယ် ဖြစ်ခဲ့ ပါတယ်။မိုးလေဝသကင်းလွတ်၍ မြို့နယ်စုံ ရိတ်သိမ်းချိန်စပါး အထွက်လှိုင်လာသော နိုဝင်ဘာလဆန်းေ ရာက်မှသာကောက် စောစပါးများ အရောင်းအဝယ်သွက်ခဲ့ပါတယ်။ စပါးသစ် ၄၆ ပေါင်တင်း ၁၀ဝကို ပုသိမ်ဈေးကွက်တွင် နိုဝင်ဘာက လေးသိန်းဝန်းကျငေ် ဈးမှ ယခုလက်ရှိ ကျပ်၄၈၈၀ဝ၀ဈေး၊ ကျုံပျော် မြို့နယ်မှ နိုဝင်ဘာလက ကျပ် ၃၈၀ဝ၀ဝ မှ ယခု ကျပ်၄၇၀ဝ၀ဝ ဈေး၊ကျောင်းကုန်းမြို့နယ်တွင် နိုဝင်ဘာလ က ကျပ် ၃၆၈၀ဝ၀ မှ ယခုကျပ် ၄၇၈၀ဝ၀ ဈေး၊ ဟင်္သာတမြို့နယ်တွင် နိုဝင်ဘာလက ကျပ် ၃၄၀ဝ၀ဝမှ ယခု ကျပ် ၄၈၅၀ဝ၀ ဈေး၊ မြောင်းမြမြို့နယ်တွင် နိုဝင်ဘာ လ က ကျပ် ၄၁၅၀ဝ၀ မှ ယခု ကျပ် ၅၃၅၀ဝ၀ ဈေး၊အိမ်မဲမြို့နယ်တွင် နိုဝင်ဘာလက ကျပ်၃၇၉၀ဝ၀ မှ ယခုကျပ် ၄၉၆၀ဝ၀ ဈေး၊ ညောင်တုန်းမြို့နယ်တွ င် နိုဝင်ဘာလက ကျပ် ၃၅၀ဝ၀ဝ မှ ယခု လက်ရှိ ကျပ် ၄၆၉၀ဝ၀ ဈေး၊ ဓနုဖြူမြို့နယ်တွင် နိုဝင်ဘာလက ကျပ် ၃၅၀ဝ၀ဝ မှ ယခု ကျပ် ၄၆၀ဝ၀ဝ ဈေးဖြစ် ပြီး ၄၆ပေါင် စပါးတင်းတစ်ရာလျှင် ကျပ်သိန်းဂဏန်းဝန်းကျင် မြင့်တက်ခဲ့ပါတယ်။ အချို့မြို့နယ်များမှာ ဆန်စပါးသစ်များ ဈေးကွက်ဝယ်လို အားရှိတာကြောင့် စ ပါးဟောင်း၊ ဆန်ဟောင်းဈေးလည်း မြင့်တက်၍ ဆန်စပါး ဈေးကွက်ဖွံ့ဖြိုးပြီး အရောင်းအဝယ်ပိုကောင်းသောမြို့နယ်များတွင် ဧည့်မထ မိုးစပါးသစ်များကို စက်ပိုင် ကုန်သည်များက စပါး ရရှိရေး အတွက် ဈေးပေးဝယ်ယူမှုများ ရှိသောကြောင့် ဆန်စပါးဈေးကွက်မှာ ဈေးနှုန်းမြင့်တက် အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရပါတယ်။ တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် စပါးအရည်အသွေး ဈေးကွက်ကွာခြားမှု ရှိ သော်လည်း ၄၆ပေါင် ဧည့်မထ မိုးစပါး သစ် တင်း၁၀ဝ ပျမ်းမျှ ဈေးမှာ ငါးသိန်းဝန်းကျင်ဈေးနှုန်းနှင့် တောင်သူများတွက်ခြေ ကိုက်သောဈေးနှုန်းဖြစ်ပြီး နိုဝင်ဘာလဈေးထက် ယခု ဒီဇင် ဘာလမှာ စပါး၊ ဆန် ဈေးနှုန်း များ မြင့် တက်မှုရှိကြောင်း ဈေးကွက်မှ သိရပါတယ်။
အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General