ဆန်ကြမ်းသစ်ရှယ် လူကြိုက်များလို့ အဝယ်လိုက်ပြီး ဈေးကောင်းရ

ယခုတစ်ပတ်   ရန်ကုန်မြို့ဝါးတန်းကုန်စည်ဒိုင်ရဲ့ဆန်ဈေးကွက်မှာ ဆန်ဟောင်းအဝင်နည်းပြီးအဝယ်လည်းနည်းပေမယ့် ဆန်သစ်အကြမ်းရှယ်ကိုတော့အဝယ်လိုက်လာတဲ့အတွက်ဈေးလည်းအနည်းငယ်မြင့်တက်လာကြောင်း
သိရှိရပါတယ်။ဆန်ချောအဟောင်းဈေးတွေက ယခင်တစ်ပတ်အတိုင်း မပြောင်းလဲကြောင်း သိရပါတယ်။ ဖျာပုံပေါ်ဆန်းထိပ်စတစ်အိတ်ကျပ်  ၃၆၀ဝဝ နဲ့လတ်စတစ်အိတ်ကျပ်၃၃၀ဝဝ ၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စ
တစ်အိတ်ကျပ် ၃၆၅၀ဝ နဲ့  လတ်စတစ်အိတ်ကျပ် ၃၃၀ဝဝ၊ နယ်စုံကျိုက်လတ် ထိပ်စတစ်အိတ်ကျပ် ၃၂၀ဝဝ နဲ့ လတ်စ  တစ်အိတ်ကျပ် ၂၉၀ဝဝ၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ်၄၃၀ဝဝ မှ ကျပ်၄၅၅၀ဝ ဖြစ်ပြီးကုန်စည်ဒိုင်ကို ဆန်ဟောင်းများ အဝင်နည်းတဲ့အတွက် လက်ကျန်လည်းနည်းနေကြောင်း သိရှိရပါတယ်။ဆန်ကြမ်းဧည့်မထအဟောင်း ထိပ်စတစ်အိတ်ကျပ်၁၈၅၀ဝ နဲ့ လတ်စတစ်အိတ်ကျပ် ၁၇၅၀ဝ၊ နွေသီးထပ်ရှယ် တစ်အိတ်ကျပ် ၁၇၀ဝဝ မှ ကျပ် ၁၇၅၀ဝ၊ နွေဆန်ရက် ၉၀ တစ်အိတ်ကျပ် ၁၉၅၀ဝ မှကျပ် ၂၁၀ဝဝ၊မနောသုခ တစ်အိတ် ကျပ် ၂၃၀ဝဝ မှ ကျပ် ၂၄၀ဝဝ နဲ့ဈေးငြိမ်နေသော်လည်း အိတ်စ်ပို့ဧည့်မထ ၂၅ မှတ်ကတော့ သင်္ဘောတင်ရှိနေတဲ့အတွက် အဝယ်လိုက်နေတာကြောင့် တစ်အိတ်ကို ကျပ် ၁၅၀ဝဝမှ   ကျပ် ၁၆၀ဝဝ ဈေးနဲ့တစ်အိတ်ကို ကျပ် ၅၀ဝ မှ  ကျပ် ၈၀ဝ အထိ  ဈေးတက်လာကြောင်း သိရှိရပါတယ်။ဆန်ကြမ်းအသစ်ရှယ်က တစ်အိတ်ကိုကျပ်၁၆၅၀ဝနဲ့ ယခင်တစ်ပတ်ထက်တစ်အိတ်ကို  ကျပ် ၅၀ဝ ခန့် ဈေးတက်လာပြီး လူကြိုက်များအဝယ်လိုက်လာတယ်လို့ဝါးတန်းဆန်ဈေးကွက်မှသိရှိရပါတယ်။                  

ယဉ်ယဉ်အေး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General