ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ICSID အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည်နေပြည်တော်ရှိHilton ဟိုတယ်၌ နိုဝင်ဘာ ၂၂ရက်က ကျင်းပသည့်  Approaches to Resolving Investor StateDisputes and Grievances; the Role of the International Center for the Settlement of Investment Disputes (ICSID) အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားမစတင်မီပြည်ထောင်စုဝန်ကြီးဒေါက်တာ သန်းမြင့်သည် ICSIDမှ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Ms. Meg Kinnear  နှင့် IFC  မှ တာဝန်ရှိသူတို့အား Hilton  ဟိုတယ်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အငြင်းပွားမှု ဖြေရှင်းရေးလုပ်ငန်းစဉ်မှာ အရေးကြီးသည့် ညွှန်ကိန်းတစ်ခုဖြစ်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များတွင်  ကူညီဆောင်ရွက်ပေးနေမှုများအပြင် အခြားလိုအပ်နေသည့်နယ်ပယ်များအားလုံးတွင် ပိုမိုပံ့ပိုးပေးစေလိုပါကြောင်းနှင့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင်   ဆက်လက်ပူးပေါင်း
ဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။ဆက်လက်၍အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကား ပြောကြားပြီး ICSIDမှ အထွေထွေအတွင်းရေးမှူးချုပ်နှင့်ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များအားပြန်လည်ဆွေးနွေးကြပြီးပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။
အဆိုပါ  အလုပ်ရုံဆွေးနွေးပွဲသို့သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်သူပညာရှင်များ စုစုပေါင်း ၅၀ ဦးခန့်   တက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိသည်။
 MOC (IR)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General