ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့်မြန်မာ-အီတလီ ကုန်သည်များအသင်းချုပ်မှ ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည်မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး ံH. E. Mr. Pier Giorgio Alibertiဦးဆောင်သည့်  မြန်မာ-အီတလီကုန်သည်များအသင်းချုပ်မှ ကိုယ်စားလှယ် အဖွဲ့အား နိုဝင်ဘာ ၂၂ရက် ၁၆းဝဝ နာရီတွင် ဝန်ကြီးဌာန ဧည့်ခန်းမ (၁)၌ လက်ခံတွေ့ဆုံသည်။ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား စီးပွား
ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေး၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများအား အီတလီစီးပွားရေးလုပ်ငန်းရှင်များ ပိုမိုသိရှိနိုင်ရေး၊ နှစ်နိုင်ငံအစိုးရပုဂ္ဂလိကအဖွဲ့အစည်းများအကြား အပြန်အလှန် လည်ပတ်မှုများအား  တွန်းအားပေးဆောင်ရွက်သွားရေး၊ဆန်ကုန်သွယ်မှုနှင့် စပ်လျဉ်းပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်ရန်အတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည့် ကိစ္စရပ်များအပါအဝင် နှစ်ဖက်အကျိုး
ဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိသည်။
   MOC (IR)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General