ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာချီလီသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် နယူးဒေလီ်မြို့ အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာ အက်စတိုးနီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်သည် ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ချီလီသမ္မတနိုင်ငံ သံအမတ်ကြီး   ံ   HE. Mr. JavierBecker  အားနိုဝင်ဘာ ၂၁ ရက် ၁၃းဝဝ နာရီတွင်လည်းကောင်း၊ နယူးဒေလီမြို့ အခြေစိုက်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အက်စတိုးနီးယားနိုင်ငံ သံအမတ်ကြီးH.E. Mr. Riho Kruuv အား ၁၄းဝဝနာရီတွင်လည်းကောင်း ဝန်ကြီးဌာန ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။ယင်းသို့ လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အဆိုပါ နှစ်နိုင်ငံတို့အကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ ၎င်းနိုင်ငံများတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများအား မျှဝေရယူနိုင်ရေး၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံအကြား ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန် စေလွှတ်သွားနိုင်ရေး၊  အသင်းအဖွဲ့များအကြား ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိသည်။                                  

   MOC (IR)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General