Re-export ကုန်သွယ်မှုကြောင့်အကျိုးဖြစ်ထွန်းလာတဲ့ မြန်မာနိုင်ငံ

အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်  ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ပို့ကုန်သုံးဆမြင့်တက်စေရမည်ဟူသည့် ရည်မှန်းချက်ကို လက်ကိုင် ထားကာ ပို့ကုန်မြှင့်တင်ရေးကို အဓိကထားပြီး လုပ်ဆောင်ခဲ့ပါတယ်။
ပြည်တွင်းမှာ အဓိကပို့ကုန်တွေ ဖြစ်တဲ့ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ သဘာဝဓာတ်ငွေ့နဲ့သတ္တုကဏ္ဍတွေမှာ ပို့ကုန်တင်ပို့မှု ဟာ ခါတိုင်းနှစ်တွေထက် လျော့ကျခဲ့တာကြောင့် ပို့ကုန်တိုးမြှင့်ရေးကို
ဦးတည်ဆောင်ရွက်ခဲ့ရတာဖြစ် ပါတယ်။ပို့ကုန်တိုးတက်မှုရှိမှသာနိုင်ငံတော်ရဲ့ တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်နေတဲ့အခွန်ဝင်ငွေများ ရရှိနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ပို့ကုန်ပိုင်းကိုကြည့် မယ်ဆိုရင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်ဟာ ပို့ကုန်ပမာဏဒုတိယနေရာမှာ ရှိနေပေမယ့်နည်းပညာအားနည်းချက်တွေကြောင့် ထုတ်လုပ်မှုပိုင်းမှာ အရည်
အသွေးရော အရေအတွက်ပါ ကျဆင်းခဲ့ရပါတယ်။ အဲဒီလို အရည်အသွေးရော အရေအတွက်ပါ ကျဆင်းခဲ့ရတဲ့ အတွက် ပြည်ပနိုင်ငံများကို တင်ပို့ရာ မှာ အဖက်ဖက်က အားနည်းနေခဲ့ရပါတယ်။ ဒါတွေကို
ကျော်လွှားနိုင်ဖို့အတွက် တစ်ဖက်နိုင်ငံရဲ့အခြေအနေ အရပ်ရပ်ကိုကြည့်ပြီး ပို့ကုန်တင်ပို့မှုကို ဆောင်ရွက်နေရတာဖြစ်တာကြောင့် ပို့ကုန်ပိုင်းမှာ လျော့ကျခဲ့ရပြီး ကုန်သွယ်မှု လိုငွေတွေ ပြနေခဲ့တာကို
သိရှိခဲ့ရပါတယ်။ဒါ့အပြင် ၂၀၁၅ခုနှစ်ကတည်းက တင်ပို့မှုလျော့ကျခဲ့တဲ့သဘာဝဓာတ်ငွေ့ ကဏ္ဍက အမေရိကန်ဒေါ်လာ တစ်ဘီလီယံလျော့ကျခဲ့သလို ဓာတ်သတ္တုကဏ္ဍမှာလည်း အမေရိကန်ဒေါ်လာ
သန်း ၂၀ဝ လျော့ကျခဲ့တာကြောင့် ပို့ ကုန်တင်ပို့မှုအပိုင်းမှာ လျော့ကျခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် အစိုးရသစ်လက်ထက် မှာပို့ကုန်သုံးဆမြင့်တက်ရေးကို အဓိက ဦးတည်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပို့ကုန်တိုးတက်စေဖို့အတွက် မိမိ နိုင်ငံတွင်းကထွက်ရှိတဲ့ ပြည်တွင်းထုတ် ကုန်တွေကို
အားကိုးနေ၍ မရတာကြောင်. Re-export  စနစ်ကို ကျင့်သုံး ပြီးပို့ကုန်တိုးမြှင့်နိုင်ဖို့ စီမံချက်ချမှတ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနဟာ၂၀၁၅
ခုနှစ်အောက် တိုဘာလအတွင်းမှ စတင်ကာ Re-export  စနစ်ကိုကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီစနစ်ကိုကျင့်သုံးဖို့အတွက်  အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ် နိုင်ငံရဲ့အဓိကသွင်းကုန်ပစ္စည်း
တစ်ခုဖြစ်တဲ့သကြားက Re-export  စနစ်နဲ့တင်သွင်းနိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။အဲဒီလိုလုပ်ဆောင်ရာမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်အထိ သကြားတန်ချိန်ပေါင်း ၁၈၆၅၃၅၃ တန် တင်ပို့ နိုင်ခဲ့ပြီး နိုင်ငံ
တော်အတွက် အခွန်ငွေ ကျပ်သန်းပေါင်း ၆၀၁၅၇ ဒသမ ၆၃၄ သန်း ရရှိခဲ့ပါတယ်။ Re-export  စနစ်ကို ကျင့်သုံးခဲ့ တဲ့အတွက် ကုန်စည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ အလုပ်သမားများ စသည့် Re-export  
လမ်းကြောင်းတစ်လျှောက်မှာ ပါဝင်လှုပ်ရှားနေသူများအားလုံးအလုပ်အကိုင်အခွင့်အလမ်းများ ရရှိခဲ့ပါတယ်။ဒါကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပို့ ကုန်ဝင်ငွေများ ပိုမိုတိုးတက်ရရှိစေဖို့ အတွက် စက်သုံးဆီ၊ဝါဂွမ်း၊ ကွမ်းသီး၊ နှမ်းဖြူ၊ နှမ်းနက်၊ မြေပဲ၊ ငရုတ်သီး ခြောက်၊ ပဲပုပ်၊ချည်မျှင်၊ ကြက်သွန်ဖြူ နဲ့ ကားတာယာတို့ကိုလည်း Re-export  စနစ် နဲ့ ကုန်သွယ်ခွင့်ပြုပေးခဲ့ပြီဖြစ်ပါတယ်။
 Re-export  စနစ်ဟာ တစ်ဖက် နိုင်ငံရဲ့ဈေးကွက်လိုအပ်ချက် ကိုကြည့် ပြီး လိုအပ်ချက်ရှိတဲ့အချိန်မှသာတင်ပို့ လို့ရတဲ့စနစ်ဖြစ်ပါ တယ်။ အဲဒီလိုတင်ပို့ ရာမှာ မိမိနိုင်ငံက လုပ်ငန်းရှင်တွေ အနေနဲ့ တင်ပို့ရတာဖြစ်ပါတယ်။ ဒါ့ အပြင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ဈေးကွက်ရှာဖွေပေးရသလိုတစ်ဖက်နိုင်ငံနဲ့ ညှိနှိုင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ သကြားစားသုံးမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ ယခင်က မြန်မာနိုင်ငံကသကြားကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပေမယ့်လည်း  မြန်မာနိုင်ငံ
ရဲ့သကြားထွက်ရှိမှုပမာဏဟာ တရုတ်နိုင်ငံရဲ့ဈေးကွက်လိုအပ်ချက်ကို ပြည့်မီနိုင်ခြင်းမရှိတာကြောင့် အခုလို Re-export  စနစ်ကိုကျင့်သုံးပြီး သကြားတင်သွင်းဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
 Re-export  စနစ်ရဲ့သကြားတင်ပို့ တဲ့လုပ်ငန်းစဉ်ကြောင့်အမေရိကန်ဒေါ် လာသန်း ၇၀ဝ ခန့်ရရှိခဲ့သလို ဃဏြ လုပ်ငန်းမှလည်းအမေရိကန်ဒေါ်လာ  ၁၀၄၅သန်းရရှိခဲ့တဲ့အတွက် ပို့ကုန်ရငွေ ပိုင်းမှာ
အမေရိကန်ဒေါ်လာ ၅၅၂ သန်း ပိုလာရတာဖြစ်ပါတယ်။Re-export  စနစ်ကို ကျင့်သုံးတဲ့ တွက် ပို့ကုန်လုပ်ငန်းရှင်များသာမက ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့သူတွေ
အားလုံးအကျိုးအမြတ် ဖြစ်ထွန်းစေခဲ့ပါတယ်။ နိုင်ငံတကာမှာလည်းRe-export  စနစ်ကို ကျင့်သုံးပြီးနိုင်ငံရဲ့ပို့ကုန်ပမာဏ မြင့်တက်အောင်လုပ်ဆောင်နေကြတာကို လေ့လာ သိရှိရပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့စင်ကာပူနိုင်ငံဟာ လည်းRe-export အ စနစ်ကိုကျင့်သုံးပြီး ပို့ကုန်ပိုင်းမှာ တိုးတက်အောင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ စင်ကာပူ နိုင်ငံဟာ
ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သလိုRe-export  စနစ် ကိုလည်း အဓိကထားပြီး နိုင်ငံရဲ့ဝင်ငွေကို အများဆုံးရှာဖွေပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင်အာရှရဲ့ကျားတစ်ကောင်  ဖြစ်လာတဲ့ ဟောင်ကောင်ဟာလည်း Re-export  စနစ်ကို ကျင့်သုံးပြီး ကုန်သွယ်မှုကိုဆောင်ရွက်ခဲ့ရာမှာ တစ်နှစ် ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ဝ ကျော်ခန့်ရရှိခဲ့
တယ်လို့ သိရပါတယ်။
Re-export  လုပ်ငန်းဟာ နိုင်ငံ အတွက်ရော နိုင်ငံသားတွေအတွက်ပါ ကုန်ထုတ်လုပ်မှုမရှိဘဲ အကျိုးအမြတ်ရရှိစေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်အကျိုး၊ နိုင်ငံသားများအကျိုးစီးပွားအတွက်Re-export  စနစ်ကို ဆက်လက်ဆောင်ရွက်သင့်လှပါတယ်။ Re-export  စနစ်ကို ဆောင်ရွက်တဲ့အတွက် ပို့ကုန်ပမာဏ
တိုးတက်လာတာကြောင့် ပြည်ထောင်စုဝန်ကြီးလမ်း ညွှန်ခဲ့တဲ့ပို့ကုန်သုံးဆတိုးမြှင့်ရေးရည်မှန်းချက်ကိုလည်း အထောက်အကူပြုစေနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
             
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General